အသည်းကျန်းမာရေးဟာ အရေးကြီးတယ်လို့ လူတိုင်းလက်ခံထားကြမယ်ယုံကြည်ပါတယ်။ ဒီနေ့ခေတ်မှာဆို အသင့်စားအစာတွေ ပိုမိုစားသုံးလာကြပြီး အဆီနဲ့ ကိုလက်စထရောများတဲ့ အစားအစာကို ပိုပြီးစားသုံးလာကြပါတယ်။ အဲဒီအတွက် အသည်းဟာ တဖြည်းဖြည်းထိခိုက်လာပါတယ်။

Healthy-liver-and-fatty-liver-600x211

ရောဂါတွေဖြစ်ရတာဟာ ကျွန်မတို့ စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ ဆေးကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးကောင်းမွန်ပါတယ်။ ဒါ့ကြောင့်လည်း အစာလည်းဆေးလည်းအစာဆိုတဲ့ စကားပုံဖြစ်လာတယ်ထင်ပါတယ်။

La-dieta-del-pomoro

ခရမ်းချဉ်သီးကို ချက်စားတာထက် အစိမ်းတိုင်းသုပ်တာကို ကြိုက်ရဲ့လားရှင့်။ ဒါဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးအများကြီးရှိပါတယ်။ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးကို စားသုံးတဲ့နေရာမှာ ရေသေချာစင်စင်ဆေးပေးရမှာပါ။ ဒီအတိုင်းသုပ်စားတာဖြစ်ဖြစ် တခြားအသုပ်တွေမှာထည့်စားတာဖြစ်ဖြစ် ဟင်းတွေမှာ ထည့်စားတာဖြစ်ဖြစ် မိမိကြိုက်သလို စားသုံးနိုင်ပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးဖျော်ရည်လုပ်ပြီးသောက်တာကလည်းကောင်းပါတယ်။

ဘယ်လိုဖျော်မလဲ

ပါဝင်ပစ္စည်း

ခရမ်းချဉ်သီး

ပျားရည်

ပြုလုပ်နည်း

ခရမ်းချဉ်သီးနဲ့ ပျားရည် ရာပြီး ဖျော်စက်ထဲဖျော်ကာ သောက်လိုက်ပါ။ အဆိပ်အတောက်ကင်းစင်စေပြီး အသားအရေ စိုပြေလှပလာမှာဖြစ်ပါတယ်။

နောက်အသည်းကို သန့်စင်ပေးနိုင်တဲ့အစားအစာတွေကတော့

ဂေါ်ဖီထုပ်

မုန်လာဥနီ

ပန်းသီး

နနွင်း

ကြက်သွန်ဖြူ

အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

သံလွင်ဆီ

သံပုရာသီး

ထောပတ်သီး

Green Tea