ရေဓာတ်ပြည့်ဝပြီး ကျန်းမာကြံ့ခိုင်သောဘဝကို ရရှိရန်အတွက် ရေသောက်သုံးခြင်းက အရေးကြီးသည့်အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဆေးတက္ကသိုလ်တစ်ခုမှနေ၍ အသက် ၁၉-၅၀ ဝန်းကျင်ရှိ အမျိုးသမီးများသည် တနေ့လျှင် ၂.၇ လီတာသောက်သုံးပေးရမှာဖြစ်ပြီး အသက် ၁၉-၅၀ အရွယ်ရှိအမျိုးသားများမှာတော့ ၃.၇ လီတာကို သောက်သုံးပေးရန်လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ ထိုသတ်မှတ်ထားသည့် ပမာဏကို ရောက်ရှိရန်မှာ လွယ်ကူမှုမရှိသော်လည်း တနေ့တာမှာ အရည်သုံးစွဲသည့်ပမာဏမြင့်တက်ရန်အတွက် နည်းလမ်းမှန်များကို သိထားပါက အခက်အခဲရှိမည်မဟုတ်ပေ။

၁။ မနက်မိုးလင်း အိပ်ရာမှနိုးနိုးချင်း ရေတစ်ခွက်သောက်ပေးပါ။

အိပ်ရာမှနိုးသည်နှင့် ရေသောက်သုံးပေးခြင်းသည် တစ်ညလုံး အရည်မသောက်သုံးထားခြင်းကြောင့် ကုန်ဆုံးသွားသည့် ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ကာ ခန္ဓာကိုယ်အတွင်းဇီဝဖြစ်စဉ်ကိုလည်း တွန်းအားပေးရန် ကူညီပေးနိုင်ပါတယ်။ အိပ်ရာဘေးတွင် ရေတစ်ခွက်အမြဲထားကာ မိမိကိုယ်ကိုသတိပေးရန်အတွက် မှတ်စုလေးဖြင့်လည်း ရေးမှတ်ထားပါ။

၂။ ထမင်းစားတိုင်းရေသောက်ပါ။

အစာစားသည့်အခါတိုင်း ရေသောက်သုံးခြင်းသည် အစာကြေလွယ်စေရုံသာမက အစာများကိုခြေဖျက်ရာတွင်လည်း ပိုမိုလွယ်ကူစေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေသောကြောင့် မည်သည့်အစာစားသည်ဖြစ်စေ ရေကိုသောက်သုံးပေးရန်လိုအပ်ပါတယ်။

၃။ တနေ့တာလုံးရေဘူးဆောင်ထားပါ။

ရုံးတွင်အလုပ်လုပ်သူများသည် စားပွဲပေါ်တွင်ရေဗူးတင်ထားကာ တနေ့လုံး ရေကိုသောက်သုံးနေပေးဖို့ လိုအပ်ပါတယ်။ သတိမေ့တတ်ပါက ကွန်ပျူတာတွင်နှိုးစက်ပေးထားနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်မည်ဆိုပါကလည်း ရေဘူးကိုဆောင်ထားလို့ လွယ်ကူသည့်လေ့ကျင့်ခန်းများကို ရွေးချယ်လုပ်ဆောင်စေလိုပါတယ်။

၄။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေသောက်ပေးပါ။

သင့်တင့်သောကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်ပြီးနောက်မှာ ရေတစ်ခွက် သို့မဟုတ် နှစ်ခွက်ကိုသောက်သုံးပေးရန် လိုအပ်ပါတယ်။ သို့သော်လည်း ပြင်းထန်သည့်လေ့ကျင့်ခန်းကိုလုပ်ဆောင်ရပြီး ချွေးအလွန်ထွက်သည်ဆိုပါက စွမ်းအားဖြည့်အချိုရည်ကို သောက်သုံးပေးနိုင်ပါတယ်။