လူအများစုဟာ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အခြားစွဲမက်စေတဲ့ အရာတွေနဲ့ ဒွန်တွဲနေကြတာပါ။ ဒါပေမယ့်လည်း ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေစေဖို့ မကြာခဏ အဆိပ်အတောက်ဖြေပေးဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်အဆိပ်အတောက်ဖယ်ရှားပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အသည်း၊ ကျောက်ကပ်နှင့် သွေးအတွင်းရှိ အညစ်အကြေးတို့ကိုလည်း သန့်စင်ရှင်းလင်းပေးနိုင်လို့ ကိုယ်ခံအားကိုလည်း အထူးကောင်းမွန်စေပါတယ်။

ဒါကြောင့် ဒီလိုမျိုးအကျိုးကျေးဇူးတွေ အများကြီးပေးစွမ်းနိုင်မယ့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်ဖယ်ရှားတာကို သဘာဝအတိုင်း လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁) – အဆိပ်အတောက်ဖြေပေးတဲ့ အစားအစာတွေကို စားသုံးပါ

Beets၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ နှမ်းကြတ်စေ့၊ ပန်းသီး၊ သခွားသီး နှင့် စတာတွေဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ဖယ်ရှားဖို့ ကူညီပေးနိုင်လို့ စားသုံးပေးပါ။

နည်းလမ်း (၂) – အသီးဖျော်ရည်

ခန္ဓာကိုယ်ရှိ အဆိပ်အတောက်တွေကို ဖယ်ရှားရန်အတွက် လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ဆိုးရွားသောအညစ်အကြေးများ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးကာ ဗီတာမင်၊ သတ္တုဓာတ်များ စတာတွေကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

ပါဝင်ပစ္စည်းများ

ဒေါက်ခွရွက် – ၂ ခွက်စာ

သခွားသီး (အခွံခွာပြီး၊ လှီးပြီးသား) – အနေတော်အရွယ် ၁ လုံး

ပန်းသီးအစိမ်းရောင် (တုံးပြီးသား) – ၁ လုံး

ဂျင်း – ၃ စိတ် မှ ၅ စိတ်

သံပုယိုသီး – ၁ လုံး

ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ – ခွက် ၁ ခွက်စာ

ပြုလုပ်ပုံအဆင့်ဆင့်

၁။ အသီးအရွက်တွေကို ကြိတ်စက်ထဲထည့်ပေးပါ။

၂။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျင်းတို့ကို ရောထည့်ပြီး သံပုယိုသီးကို အရည်ညှစ်ပေးပါ။

၃။ ရေတစ်ခွက်ကိုလည်း လောင်းထည့်ပေးပါ။

၄။ ပျစ်နှစ်လာသည်အထိ ရောကြိတ်ပြီးလျှင် ခွက်ထဲထည့်ပြီး အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

ယခုဖော်ပြပေးထားတဲ့ အသီးဖျော်ရည်တစ်ခွက်ကို သောက်ပေးပြီး တနေ့တာကို စတင်နိုင်ပါတယ်။

နည်းလမ်း (၃) – အဆိပ်အတောက်ဖယ်ရှားနိုင်တဲ့ ဖျော်ရည်တွေသောက်ပေးပါ

ပန်းသီး-သစ်ကြံပိုးခေါက် Detox Drink

ပါဝင်ပစ္စည်းများ

ပန်းသီး (လှီးပြီးသား) – ၁ လုံး

သစ်ကြံပိုးခေါက်အချောင်း – ၂ ချောင်း – ၃ ချောင်း

ရေ

ပြုလုပ်ပုံ

၁။ ခရားတစ်ခုထဲ ရေလောင်းထည့်ပြီး ပန်းသီးအခြမ်းလေးတွေ ထည့်ပေးပါ။

၂။ သစ်ကြံပိုးခေါက်အချောင်းလေးများကိုလည်း ရောထည့်ပေးပါ။

၃။ တစ်နာရီမှ နှစ်နာရီကြာအောင် ဘေးနားတွင် ခဏထားပေးနိုင်သလို ရေခဲသေတ္တာအတွင်းလည်း ထည့်ပေးနိုင်ပါတယ်။

ဒီလိုမျိုး အရသာလည်းရှိ၊ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်တဲ့ detox drink ကို သောက်သုံးပြီး လန်းဆန်းတက်ကြွမှုကို ရရှိနိုင်ပါတယ်။