ပျားရည်က သဘာ၀ အချိုဓာတ်ဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ပျားရည်မှာ အမိုင်နိုအက်ဆစ် ၂၂ မျိုး၊ သတ္တုဓာတ် ၂၇ မျိုး ဖြစ်တဲ့ ကယ်ဆီယံ၊ ဇန့်၊ သတ္တုဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ Selenium ဓာတ် တို့ပါဝင်ပါတယ်။

ပျားရည် စစ်မစစ် ဘယ်လို စစ်ဆေးမလဲ

ပျားရည်ပုလင်းက တံဆိပ်တွေ (Label) ကို စစ်ဆေးပါ။ ကလူးကို့စ် သို့မဟုတ် High Fructose Corn Syrup တွေပါဝင်ရင် ပျားရည်မစစ်ပါဘူး။

ပျားရည်ကို မြည်းကြည့်ပါ။ ပန်းအရသာလိုလိုဆိုရင် ပျားရည်အစစ်ပါ။ ချိုတဲ့အရသာဘဲဆိုရင်တော့ ပျားရည်မစစ်ပါဘူး။

Honeycombs with spoon

လက်မအပေါ်မှာ ပျားရည် တစ်စက်ချလိုက်ပါ။ ပျားရည်အစစ်ဆိုရင် မပြန့်သွားပါဘူး။ ပျားရည်အတုဆိုရင်တော့ ပြန့်သွားပါလိမ့်မယ်။

ရေကို ပျားရည်နဲ့ စပ်ဖျော်ပြီး ရှာလကာရည် တစ်စက် ချလိုက်ပါ။ အမြှပ်ထွက်လာရင် မစစ်ပါဘူး။

ရေတစ်ခွက်ထဲကို ပျားရည်အနည်းငယ်ထည့်ပြီး Iodine အစက်အနည်းငယ်ထည့်လိုက်ပါ။ ပျားရည်က အပြာရောင် သန်းသွားရင် ပြောင်းဖူးကစီဓာတ်နဲ့ ပေါင်းထားတာဖြစ်ပြီး ပျားရည်အစစ်မဟုတ်ပါဘူး။

Unknown

ရေတစ်ခွက်ထဲကို ပျားရည်တစ်ဇွန်းထည့်ပြီး မွှေပေးပါ။ မွှေလိုက်လို့ ပျော်ဝင်သွားရင် ပျားရည် အစစ်မဟုတ်ပါဘူး။ ပျားရည် အစစ်ဆိုရင် ရေထဲမပျော်ဝင်ဘဲ ဖန်ခွက်ရဲ့ အောက်ခြေကို အနယ်ထိုင်သွားမှာဖြစ်ပါတယ်။