ကျောင်းတွေပြီးလို့ ကိုယ့်ဘဝရှေ့ရေးအတွက် လုပ်ငန်းခွင်ထဲကိုဝင်ရောက်တဲ့အခါမှာ တွေ့ကြုံရမယ့်လူအမျိုးမျိုးကြောင့် တစ်ခါတစ်လေတော့လည်း စိတ်ညစ်စရာလေးတွေနဲ့ ကြုံတွေ့ရတတ်တာပေါ့။ လုပ်ငန်းခွင်ထဲကိုရောက်သွားပြီဆိုရင်တော့ အနည်းနဲ့အများတော့ စိတ်ဖိစီးမှုဆိုတာကို ကြုံတွေ့လာရတတ်ပါတယ်။ ဒီလိုမျိုး စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို လျော့နည်းအောင်ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက တော်တော်လေးအသုံးဝင်မှာပဲဖြစ်ပါတယ်။

မွှေးကြိုင်တဲ့ဆပ်ပြာလေးနဲ့ ရေချိုးသန့်စင်လိုက်ပါ။ ရေချိုးတာက ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းသွားစေပြီး စိတ်ကိုလည်းလန်းဆန်းသွားစေပါတယ်။ ဒါကိုမှာ မွှေးကြိုင်လွန်းတဲ့ဆပ်ပြာလေးကိုသုံးပြီး ရေချိုးမယ်ဆိုရင်တော့ မွှေးကြိုင်လွန်းတဲ့ရနဲ့လေးကြောင့် ပျိုမေတို့ကိုပိုပြီးတော့ လန်းဆန်းသွားစေမှာပါ။

ပန်းလေးတွေနဲ့ အလှဆင်ကြည့်ဖို့လိုမယ်နော်။ အပြင်ကနေပြန်လာပေမယ့် အခန်းထဲကိုဝင်လိုက်တာနဲ့တင် စိတ်ကိုကြည်နူးလန်းဆန်းစေဖို့အတွက်ဆိုရင် လှပတဲ့ပန်းလေးတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး အလှဆင်ထားလိုက်မယ်ဆိုရင်တော့ စိတ်ညစ်စရာတွေကိုပြေပျောက်သွားစေမှာပဲဖြစ်ပါတယ်။

ဖုန်း Wallpaper လေးကိုလည်း အပြောင်းအလဲလေးဖြစ်အောင် အသစ်လေးထားပေးမယ်ဆိုရင်လည်း စိတ်ကိုတစ်မျိုးလေး ပြောင်းလဲသွားစေမှာပေါ့။ ချစ်စရာကောင်းတဲ့. Wallpaper လေးပဲဖြစ်ဖြစ်၊ ရှုခင်းလေးတွေ၊ ပန်းလေးတွေကို ထားထားပေးမယ်ဆိုရင် ဒါလေးတွေကိုမြင်နေရတာနဲ့တင် စိတ်ကိုလန်းဆန်းသွားစေမှာပါ။

အသီးအနှံတွေကို များများစားပေးတာကလည်း စိတ်ကိုပြန်လည်လန်းဆန်းလာစေမယ့် အချက်လို့ပြောလို့ရပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအနှံလေးတွေကို စားရင်းနဲ့ စိတ်ပင်ပန်းတာတွေကို ပြေလျော့အောင်လုပ်ပေးလို့လည်းရပါတယ်။

သီချင်းလေးတွေနားထောင်တတ်တဲ့ အကျင့်ကောင်းလေးကိုလည်း ပြင်ဆင်ထားဖို့လိုတယ်နော်။ တော်တော်များများက စိတ်ညစ်စရာတွေကြုံတွေ့လာရတဲ့အချိန်ဆိုရင် ဒီအကြောင်းအရာတွေကိုပဲ စဉ်းစားပြီး လန်းလန်းဆန်းဆန်းလည်းမရှိတော့ပါဘူး။ ဒါကြောင့် စိတ်ကိုပြန်ပြီးတော့ လန်းဆန်းစေဖို့အတွက် အကြိုက်ဆုံးသီချင်းလေးတွေက ကူညီပေးနိုင်ပါတယ်နော်။

Photo Source: Unsplash