ကိုယ်ဝန်ဆောင်နေချိန်မှာ ဖြစ်ပေါ်တတ်သည့် progesterone နှင့် estrogen လို့ခေါ်သောဟော်မုန်းတွေကြောင့် မကြာခဏမေ့လျော့တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မူးဝေခြင်း၊ အိပ်ရေးမဝခြင်း စတာတွေက ဦးနှောက်ကိုပုံမှန်အလုပ်လုပ်ဖို့နဲ့ အာရုံစူးစိုက်နိုင်ဖို့ စွမ်းရည်ကျဆင်းသွားစေပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါ ကာကွယ်နိုင်မယ့်နည်းလမ်းကောင်းလေးအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

မှတ်စုချရေးပါ

တစုံတခုကိုမှတ်မိဖို့အတွက် အကောင်းဆုံးလုပ်နိုင်တာကတော့ အရေးကြီးတဲ့အရာတွေကို မြင်သာတဲ့နေရာမှာ မှတ်စုချရေးထားခြင်းပါပဲ။ မြင်လွယ်တွေ့လွယ်မယ့်နေရာမျိုးမှာ ထားထားပြီး အမြဲတွေ့နေသည့်အခါ သတိလည်းမမေ့တော့ပါဘူး။

ကောင်းကောင်းအိပ်စက်ပါ

အိပ်ရေးမဝတဲ့အခါ ပြဿနာအများကြီးဖြစ်လာနိုင်ပါတယ်။ ခက်ခဲပေမယ့်လည်း အတတ်နိုင်ဆုံးကြိုးစားပြီး ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်ရန်လိုအပ်တဲ့ အိပ်စက်ချိန်ကို ရယူပေးပါ။ အိပ်ရေးဝလေ ဦးနှောက်လည်း ပုံမှန်အလုပ်လုပ်နိုင်လေပါပဲ။

ကယောင်ခြောက်ခြားမဖြစ်ပါနဲ့

စိတ်ဖိစီးမှုများတယ်ဆိုတာက သင့်ရဲ့စိတ်ငြိမ်းချမ်းမှုကို အနှောင့်အယှက်ဖြစ်စေလို့ မိမိစိတ်ပျော်ရွှင်ရာ၊ ဝါသနာပါတာတွေကိုလုပ်ကိုင်ပြီး စိတ်အပန်းဖြေပါ။

Omega-3 တွေရယူပါ

Omega 3 fatty အက်စစ်က ကျန်းမာကြံ့ခိုင်တဲ့ ဦးနှောက်ပုံမှန်အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ငါးတွေ၊ DHA ကြွယ်ဝတဲ့အစားအသောက်တွေကို စားသုံးပြီး Omega 3 ကိုရယူ၍ ကလေးရဲ့ဦးနှောက်မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။

အရာရာကိုဖြည်းဖြည်းချင်းပြုလုပ်ပါ

အထက်မှာဖော်ပြခဲ့သလိုပဲ ကိုယ့်ကိုယ်ကိုအတင်းမလုပ်နဲ့ပါ။ အရာရာကို ပြုံးရွှင်ရယ်မောပေးခြင်းက စိတ်ခံစားချက်ကိုမြှင့်တင်ပေးနိုင်ပြီး ချစ်ရသူနဲ့ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးနိုင်မှာပါ။

အကူအညီယူပါ

ကိုယ်ဝန်ဆောင်နေချိန်က အကူအညီလိုအပ်ဆုံးအချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အခြားသူတွေက ကူညီဖို့ကမ်းလှမ်းတိုင်း လက်ခံပေးပြီး ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို စွန့်ဖယ်ကာ အရေးကြီးတဲ့အရာတွေပေါ်မှာပဲ အာရုံစူးစိုက်ပေးပါ။

ပြင်ပြင်ဆင်ဆင်နေပါ

ကိုယ်ဝန်ဆောင်နေချိန်ဖြစ်စေ၊ မွေးဖွားပြီးချိန်ပဲဖြစ်စေ အရှုပ်အထွေးလေးတွေက ပေါ်ပေါက်စမြဲပါ။ ဒါကြောင့် ကြိုတင်ပြီးကိုယ့်ကိုယ်ကို ပြင်ဆင်ထားခြင်းက အကောင်းဆုံးပါပဲ။ အရာရာပြည့်စုံနေဖို့မလိုအပ်ပါဘူး။ ကလေးမွေးဖွားပြီးပြီဆိုရင် သင့်ရဲ့ဦးနှောက်ကလည်း တဖန်ပြန်လည်ဝင်းလက်လာမှာ အသေအချာပါ။