အရပ်ရှည်ချင်တဲ့သူတွေအတွက် တစ်ပတ်ကို စင်တီမီတာ အနည်းငယ်လောက် ရှည်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ စက်ဘီးနင်းပါ

စက်ဘီးနင်းတာဟာ သင့်ကို အရပ်ပိုရှည်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ခြေထောက်ကို ဆွဲဆန့်ပေးသလိုဖြစ်တာကြောင့် သင့်ကို အရပ်ပိုရှည်စေပါတယ်။

၂။ ဘားခိုပါ

ဘားခိုတာဟာလည်း အရပ်ရှည်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ သင်ဟာ ဆယ်ကျော်သက်ကတည်းက ဘားခိုပေးရင် ပိုကောင်းပါတယ်။

၃။ တဒေါင်ဆစ်ကိုထောက်ထားပြီး ခြေထောက်မိုးပေါ်ထောင်မယ်

အရင်ဆုံးလှဲနေပါ။ ပြီးရင် လက်တဒေါင်ကို ကြမ်းပြင်နဲ့ထိထားပြီး ခါးနဲ့ ကျောအလယ်နားကို လက်ဖဝါးနှစ်ဖက်နဲ့ မထားပါ။ ပြီးရင်ခြေထောက်ကို အပေါ်မြောက်ပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာလည်း အရပ်ရှည်စေပါတယ်။

၄။ Cobra လေ့ကျင့်ခန်းလုပ်မယ်

အခုပုံမှာပြထားသလိုမျိုး ခါးကိုဆန့်ပြီး လုပ်ပေးရမှာပါ။ သင့်ကျောရိုအးတွက်လည်းကောင်းမွန်ပါတယ်။ ခါးကို ဆန့်ပေးသလိုဖြစ်တာကြောင့် အရပ်ရှည်ဖို့ အထောက်အကူဖြစ်စေပါတယ်။

၅။ ခန္ဓာကိုယ်ကို ကိုင်းပေးမယ်

ခန္ဓာကိုယ်ကို အခုပုံမှာပြထားသလိုမျိုး ကိုင်းပေးပါ။ အဲဒီလိုလုပ်ပေးတာဟာ သင့်ကို အရပ်ပိုရှည်စေပါတယ်။

၆။ ခုန်ပါ

ကြိုးခုန်ပေးတာပဲဖြစ်ဖြစ်၊ ဘတ်စကတ်ဘောကစားတာပဲဖြစ်ဖြစ်၊ ခုန်တဲ့လေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးတာဟာလည်း အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး သင့်ကို အရပ်ပိုရှည်လာစေမှာပါ။

၇။ Bridge

Bridge ဆိုတဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ သင့်ရဲ့ ခါးအောက်ပိုင်းက ကြွက်သားတွေကို သန်မာစေသလို ဗိုက်ချပ်စေပြီး တင်သားကိုလည်း ကျစ်လျစ်စေပါတယ်။

၈။ ရေကူးပါ

ရေကူးတာဟာ သင့်ကို အရပ်ပိုရှည်စေတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ ရေကိုပုံမှန်ကူးပေးပါ။

အသုံးဝင်မယ့်နည်းလမ်းများ

အစာအဟာရပြည့်ဝအောင်စားပါ။ အိပ်ရေးဝဝအိပ်ပေးပါ။ ခန္ဓာကိုယ်ကိုဆန့်ပြီး အိပ်ပေးပါ။ ထိုင်တဲ့အခါမှာလည်း ခါးဆန့်ပြီးထိုင်ပါ။