ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ လူနေမှုဘဝကို လိုက်လံလုပ်ဆောင်ဖို့ဆိုတာက ပြောသလောက်မလွယ်ကူနိုင်ပါဘူး။ တက်ကြွသွက်လက်တဲ့ လူနေမှုပုံစံ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ နဲ့ ပျော်ရွှင်မှုကို ပေးစွမ်းတဲ့ လှုပ်ရှားမှုအတွက် အချိန်ပေးခြင်းတို့ကို လိုက်လံကျင့်သုံးခြင်းဖြင့် နှစ်ပတ်အတွင်းမှာပဲ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းမှ နေပြီး ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးဟာ ဘဝတစ်သက်စာ ကြိုးပမ်းအားထုတ်ရမယ့်အရာဖြစ်ပေမယ့်လည်း ဖြည်းဖြည်းမှန်မှန်နဲ့ အစပြုပြီး နှစ်ပတ်လေးမှာ ကြိုးစားအားစိုက် အချိန်ပေးလိုက်ရုံနဲ့ သင့်ရဲ့လူနေမှုဘဝပုံစံသာမက စိတ်ရောကိုယ်ပါ တမျိုးပြောင်းလဲလာတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

၁။ လမ်းလျှောက်ပေးပါ။

သင်နေထိုင်တဲ့နေရာပေါ်မူတည်ပြီး အခြေအနေပြောင်းလဲသွားနိုင်သော်လည်း ကားစီးတာကိုလျှော့ပြီး ခြေကျင်သွားပေးခြင်းက ကိုယ်အလေးချိန်သာမက စိတ်ဖိစီးမှုလျှော့ချရန်၊ ခံစားချက်များကိုမြှင့်တင်ကောင်းမွန်စေရန်အတွက်ပါ ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့် တနေ့လျှင် မိနစ်သုံးဆယ်ခန့်မျှ လမ်းလျှောက်ပေးပါ။

၂။ လေ့ကျင့်ခန်းအချိန်ဇယားပြုလုပ်ပါ။

လေ့ကျင့်ခန်းပြုလုပ်ဖို့ တနေ့လျှင် မည်မျှအချိန်ပေးနိုင်တယ်ဆိုတာကို အရင်သိအောင်လုပ်ပါ။ ကိုယ်တကယ်လုပ်ဆောင်နိုင်မည့် အချိန်ကိုသေချာမှတ်ရန်လိုအပ်ပြီး မပျက်မကွက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

၃။ ခွန်အားလေ့ကျင့်မှုကိုပါ လုပ်ဆောင်ပေးပါ။

ကျစ်လျစ်မှုရှိတဲ့ ကြွက်သားသိပ်သည်းမှုကို ဖန်တီးနိုင်ရန်အတွက် ခွန်အားလိုအပ်ပြီး သင့်ကိုလည်း ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားညီညွတ်မှုရှိသည့် အသွင်နဲ့ခံစားချက်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်း၊ အလေးမလေ့ကျင့်ခန်း တို့ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုများကို လုပ်ဆောင်ပေးပါ။

၄။ ကိုယ်လက်လှုပ်ရှားမှုလှုပ်ပေးပါ။

ကိုယ်အလေးချိန်လျှော့ချရန်နှင့် ကျစ်လျစ်လှပတဲ့ကိုယ်ခန္ဓာကို ရရှိရန်အတွက် တနေ့ကို မိုင်အနည်းငယ်လောက်ပြေးခြင်း သို့မဟုတ် အချိန်ကြာကြာလမ်းလျှောက်ထွက်ခြင်း တို့ကို ပြုလုပ်ပေးဖို့ အထူးလိုအပ်ပါတယ်။

၅။ အိမ်တွင်းလေ့ကျင့်ခန်းများ

မိမိနေထိုင်ရာအိမ်တွင်ပဲ လေ့ကျင့်ခန်းလုပ်ခြင်းသည် အချိန်ကုန်ငွေကုန်သက်သာပြီး အလွန်ကိုမှလည်း ထိရောက်မှုရှိလှပါတယ်။ push up ဘားတန်းများ၊ လက်ကိုင်အလေးမတုံးများ၊ လေ့ကျင့်ခန်းကြိုးများ စသဖြင့်ကို အိမ်တွင်ထားရှိပြီး လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။

၆။ အသီးအနှံနှင့်ဟင်းသီးဟင်းရွက် များများစားပေးပါ။

ကိုယ်အလေးချိန်လျှော့ချရန်အတွက် အသီးအနှံနှင့်ဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင်များ၊ သတ္တုဓာတ်များ နှင့် ဖိုက်ဘာတို့လို မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များဖြင့်လည်း ဖြည့်တင်းပေးပါတယ်။ ဒါကြောင့် တနေ့ကို အရောင်အသွေးအစုံအလင်ရှိတဲ့ အသီးအရွက်တွေကို များများစားပေးပါ။

၇။ အသင့်လုပ်အစားအစာများနှင့် သကြားဓာတ်ပါသည့်အရာများကို ရှောင်ရှားပါ။

ဆီးချိုရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါတို့ကဲ့သို့သော ရောဂါများကို ဖြစ်ပေါ်လာစေနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ရှားစေလိုပါတယ်။

၈။ အိပ်ရေးဝအောင်အိပ်ပါ။

ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ရရှိရန်အတွက် လူတစ်ယောက်ဟာ တညလျှင် ခုနစ်နာရီမှ ကိုးနာရီအထိ အိပ်ချိန်လိုအပ်ပါတယ်။ အိပ်ရေး၀၀အိပ်စက်ခြင်းက သင့်ရဲ့သင့်ယူနိုင်စွမ်းအား၊ ဆုံးဖြတ်နိုင်ရည်နဲ့ အပြောင်းအလဲများအပေါ် လွန်စွာသက်ရောက်မှုရှိနိုင်ပြီး အိပ်ရေးမဝပါက စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါနှင့် အဝလွန်ခြင်းတို့ပါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။