လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေပြားဟာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် သင့်ရဲ့ လူနေမှုဘဝနှင့် အထွေထွေကျန်းမာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောပြနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းက ပြဿနာတွေကို ဖော်ပြပေးနေတဲ့ ပထမဦးဆုံးအရာဖြစ်ပါတယ်။

ဒီလိုမျိုး လူတစ်ယောက်အတွက် အရေးကြီးတဲ့ အသားအရေအခြေအနေဟာဆိုရင်လည်း အစားအစာပေါ်မှာ အမျိုးမျိုးမူတည်နေပါတယ်။ ဒါကြောင့် ယခုတစ်ခါမှာတော့ ဘယ်အစားအစာတွေက အသားအရေပေါ်မှာ ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး ပြသလာတဲ့ လက္ခဏာတွေကိုလည်း သတိထားနိုင်ဖို့အတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။

၁။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း

အစားအသောက်များ – ကယ်လိုရီနည်းပါးတဲ့ ခရက်ကာများနှင့် မုန့်ကြွပ်များ

ကယ်လိုရီနည်းပါးတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်အတွင်းက သွေးချိုပမာဏကို ချက်ချင်းဆိုသလို မြင့်တက်သွားစေနိုင်ပါတယ်။ ခဏတာအတွက်တော့ ပြဿနာသိပ်ပြီးမဖြစ်စေနိုင်ပေမယ့်လည်း အချိန်ကြာလာပြီဆိုရင်တော့ ဒီလိုမျိုး ရုတ်တရက် ပြောင်းလဲမှုတွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အသားအရေတွေလည်း မွဲခြောက်လာမှာဖြစ်ပါတယ်။

၂။ နဖူးပေါ်က အရေးအကြောင်းတွေနဲ့ အသားအရေခြောက်သွေ့ခြင်း

အစားအသောက်များ – သကြားနှင့် ဆေးသကြားများ

သကြားဓာတ်တွေက ခန္ဓာကိုယ်အတွင်းက Collagen နှင့် Elastin တို့ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ထိုဒြပ်ထုတွေဟာဆိုရင် အထူးသဖြင့် နဖူးတဝိုက်မှာ ရှိနေတတ်ပြီး အသားအရေအဆီပမာဏ အနည်းဆုံးရှိနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဆေးသကြားတွေဟာဆိုရင်လည်း သကြားနည်းတူပင် သက်ရောက်မှုရှိနိုင်ပေမယ့် သကြားထက်ကိုပိုကာ Collagen တွေကို ဖျက်ဆီးပစ်ပါတယ်။

၃။ ဝက်ခြံနှင့် နီရဲမှုတွေ

အစားအသောက် – နွားနို့နှင့် နို့ထွက်ပစ္စည်းများ

နွားပေါက်လေးတွေကို ကြီးထွားစေမယ့် ဟော်မုန်းဓာတ်က နွားနို့ထဲမှာပါဝင်နေတာကြောင့် သောက်လိုက်မိတဲ့လူများမှာ အသားအရေနီရဲမှုတွေဖြစ်လာရတာပါ။

ဒီလိုမျိုး လက္ခဏာတွေဖြစ်လာရပြီဆိုရင်တော့ အလာဂျီရှိမရှိ စစ်ဆေးပါ။ မရှိဘူးဆိုရင်တော့ နွားနို့သောက်တဲ့ပမာဏကို လေ ျှာ့ချပြီး အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့ ပင်လယ်စာနှင့် ငါးအဆီတို့ကို များများ စားသုံးပေးပါ။

၄။ နှာခေါင်းနှင့် မျက်ခွံပေါ်က ဆံခြည်မ ျှင်သွေးကြောလေးများ

အစားအစာ – အပူအစပ်

အပူအစပ်ပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွင်းက ဇီဝဖြစ်စဉ်၊ ကိုယ်ခန္ဓာအပူချိန် နှင့် သွေးစီးဆင်းမှုတို့လို ဖြစ်စဉ်တွေအားလုံးရဲ့ အရှိန်နှုန်းကို မြင့်တက်သွားစေပါတယ်။ သွေးကြောမ ျှင်လေးတွေကနေ သွေးစီးဆင်းမှုဟာ ပိုမိုမြန်ဆန်လာတာကြောင့် အသားအရေမှာပိုပြီး မြင်သာထင်သာရှိလာတာပါ။

၅။ အသားအရေညစ်ပတ်လာခြင်း

အစားအစာ – အချိုရည်များနှင့် သစ်သီးဖျော်ရည်များ

ခန္ဓာကိုယ်အတွင်းက အညစ်အကြေးတွေကို သန့်စင်တဲ့လုပ်ဆောင်မှုတွေမှာ ဖိုက်ဘာကမရှိမဖြစ်လိုအပ်ပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေမှာ ဖိုက်ဘာဓာတ်ပါဝင်တာကြောင့် အသီးဖျော်ရည်လုပ်ဖို့အတွက် အသီးတွေကို ကြိတ်ခြေလိုက်တဲ့အခါ ဖိုက်ဘာဓာတ်ဟာ ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ဖိုက်ဘာဓာတ်ပါဝင်တဲ့ အခြားအစားအစာများကို မစားသုံးဘူးဆိုပါက ခန္ဓာကိုယ်သန့်ရှင်းနိုင်စွမ်းအားဟာ လျော့နည်းသွားပါတယ်။

၆။ ဖောရောင်ခြင်း နှင့် အသားအရေမွဲခြောက်ခြင်း

ဒီလက္ခဏာတွေဖြစ်လာရတာဟာ သွေးအတွင်းက pH levels တွေ ပြောင်းလဲလာတာကြောင့်ပါ။ ပရိုတင်းဓာတ် ပြိုကွဲလာတဲ့အခါ အက်စစ်ဓာတ်ဟာ ပြောင်းလဲလာပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်၊ ဟော်မုန်းတွေဟာလည်း နှေးကွေးသွားပါတယ်။

၇။ ရေဓာတ်ကုန်ခမ်းခြင်းနှင့် အသားအရေခြောက်သွေ့ခြင်း

အစားအစာ – ကော်ဖီ နှင့် လက်ဖက်ရည်

လက်ဖက်ရည်နှင့် ကော်ဖီတို့သောက်တဲ့အခါ အရည်အနေနဲ့ သောက်သုံးလိုက်တာဖြစ်တဲ့အတွက် ရေသောက်သုံးမှုပမာဏ လျော့နည်းသွားပါတယ်။ ရေသောက်သုံးမှု လျော့နည်းလာပြီဆိုရင်တော့ အသားအရေပြဿနာတွေ မကြာခင်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။

Source: BrightSide