သံပုရာသီးနဲ့ မီးဖို သန့်ရှင်းရေးလုပ်ပါ

အစားအသောက်တွေချက်ပြီး မီးဖိုက ရှုပ်ပွပေရေ၊ အနံ့တွေ နံ့နေပါသလား။ သံပုရာသီးကို လှီးပြီး သံပုရာသီးနဲ့ တိုက်ချွတ်ဆေးကြောပြီးမှ အ၀တ်စုတ်ကို ရေစွတ်ပြီး လိုက်သုတ်ပါ။

 

အဖြူရောင် အ၀တ်အပေါ်မှာ ပေသွားရင်

အဖြူရောင် အ၀တ်တွေအပေါ် စွန်းသွားရင် ဖျက်ရခက်ခဲပါတယ်။ Hydrogen Peroxide နဲ့ ဆပ်ပြာစက်အနည်းငယ်ကို ရောပြီး လျှော်လိုက်ရင် အစွန်းအထင်းတွေ ဖယ်ရှားလို့ရမှာပါ။

 

အိုးတွေမှာ တူးနေတဲ့ အမည်းရောင်အလွှာကို ဘယ်လို ဖယ်ရှားမလဲ

ဒယ်အိုးတွေမှာ မည်းတူးနေရင် အိုးထဲကိုတစ်ဝက်လောက် ရေထည့်ပါ။ ဆပ်ပြာရေ အနည်းငယ်ထည့်ပါ။ ပြီးရင် ဒယ်အိုးကို အပူပေးလိုက်ပါ။ ဟင်းခတ်တဲ့ ဇွန်းကြီးနဲ့ ကပ်နေတဲ့ အတူးတွေ ဖယ်ရှားပေးပါ။ ပြီးရင် ပူနေတဲ့ရေတွေ ဖယ်ရှားပြီး ဆပ်ပြာနဲ့ ဆေးကြောလိုက်ပါ။

 

ကော်ဖီ အိုးတွေကို ရေ၊ ဆားနဲ့ သံပုရာသီးတို့နဲ့ ဆေးကြောပါ

ကော်ဖီအိုးထဲက ကော်ဖီဂျိုးတွေကို ပြောင်စင်အောင် ဆေးကြောဖို့ ရေပူ၊ ဆား နဲ့သံပုရာသီးတို့ ထည့်ပြီး အပူပေးလိုက်ပါ။ ခဏလောက်ကြာအောင်ထားလိုက်ပြီးမှ ဆေးကြောရင် ဂျိုးတွေ ဖယ်ရှားနိုင်ကာ အနံ့လေးကလည်း သင်းသွားပါလိမ့်မယ်။

 

ခရင်းနဲ့ ဇွန်းတွေမှာ ရေစက်တွေ မထင်ဖို့

ခရင်းနဲ့ ဇွန်းတွေက ဆေးကြောပြီး ဒီအတိုင်းထားလိုက်ရင် ရေစက်တွေထင်လာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ရေပူထဲမှာ ထည့်ပြုတ်ပြီးမှ အ၀တ်စနဲ့ သုတ်လိုက်ပါ။