စတော်ဘယ်ရီနဲ့ ချယ်ရီသီးက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရဓါတ်တွေ ပါဝင်လို့ စားသုံးပေးသင့်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်များများစားသုံးပေးသင့်ပါသလဲ။

How-to-Increase-Breast-size-Naturally-strawberries-cherries-

သူတို့မှာပါဝင်တဲ့ အကျိုးကျေးဇူးတွေကတော့

Folic Acid

ဗီတာမင် E

ပရိုဗီတာမင် A

ဗီတာမင် B များ

မဂ္ဂနီဆီယမ်

သံဓါတ်

ကယ်လ်ဆီယမ်

စတဲ့ဓါတ်တွေပါဝင်ပါတယ်။

စတော်ဘယ်ရီ

Strawberry

အရသာရှိပြီး ပူပြင်းတဲ့နွေရာသီမှာ စားသုံးလို့သင့်တော်တဲ့ အသီးပါ။

စတော်ဘယ်ရီသီးကို ၁ ပတ်အတွင်းမှာ ၂ ကြိမ် ၃ ကြိမ်လောက်စားပေးရင် လိုအပ်ပါတယ်တဲ့။

ညနေ ၇ နာရီကနေ ၇ နာရီအတွင်းမှာ စားသုံးပေးသင့်တယ်လို့ဆိုပါတယ်။ ဒီလိုစားသံးရမှာလည်း သကြားမပါဘဲ စားသုံးပေးသင့်ပြီးတော့ ကိုယ်စားနိုင်သလောက်စားပေးနိုင်ပါတယ်။

ချယ်ရီသီး

ချယ်ရီသီးမှာ အမျှင်ဓါတ်တွေ အများအပြားပါဝင်လို့ အစာချေစနစ်အတွက် လုံလောက်ပါတယ်။ ချယ်ရီသီးထဲမှာမှ အနက်ရောင်အစင်းရှိတဲ့ အသီးက ပိုပြီးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

Metatonin ဓါတ်ပါဝင်လို့လည်း စိတ်ကိုအပန်းပြေစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ချယ်ရီသီးမှာ အဆိပ်ဓါတ်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ ကွန်ပေါင်းဓါတ်တစ်မျိုးပါဝင်လို့ ကလေးတွေကိုတော့ စားသုံးပေးလို့ မသင့်တော်ဘူးလို့ဆိုပါတယ်။ ချယ်ရီသီးကို မစားခင်မှာ ရေအေးနဲ့ သေချာဆေးပေးဖို့လည်းလိုပါတယ်။

ချယ်ရီသီးကိုလည်း တစ်ပတ်ကို ၂ ကြိမ်လောက်စားပေးရင် လုံလောက်ပါပြီ။