ထောပတ်သီးကို လူတော်တော်များများက သူ့အရသာကြောင့် ကြိုက်နှစ်သက်ကြပါတယ်။ သူ့အရသာက နတ်သုဒ္ဓာလိုဘဲ စိမ့်စိမ့် ချိုချိုလေးနှင့် အရမ်းအရသာ ရှိပါတယ်။ သူ့ကို ဖျော်ရည်လုပ်ပြီးပဲသောက်သောက်၊ ကြက်ဥနဲ့ရောပြီးဘဲ စားစား၊ အသားညှပ်ပေါင်မုန့်ထဲမှာဘဲ ထည့်စားစားအရမ်းအရသာ ရှိပါတယ်။

သူ့မှာ အာဟာရဓာတ်တွေ အများကြီး ပါဝင်နေပေမယ့် အရမ်းစားရင်တော့ မကောင်းပါဘူး။ ထောပတ်သီးတွေက အာဟာရအရမ်းများတဲ့ အစားအစာတွေဖြစ်တာကြောင့် သူတို့မှာ ကယ်လိုရီနှင့် အဆီဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

rehost_2016_9_14_461f461b-f90c-4f8d-8c65-7c0e10adc8ac

ဒါကြောင့် ဘယ်လောက်စားသင့်သလဲဆိုတဲ့ မေးခွန်းပေါ်ထွက်လာတာပါ။

အာဟာရ ပညာရှင် ဆွန်ရာ အန်ဂယ်လုံ က လူတိုင်းက တစ်နေ့ကို ထောပတ်သီး တစ်ခြမ်းလောက်ဘဲ စားသင့်ပါတယ်လို့ ပြောပါတယ်။

ပျမ်းမျှအားဖြင့် ထောပတ်သီးကို တစ်ပတ်ကို ၃ လုံးကျော်လောက်ဘဲ စားသင့်ပါတယ်။

Mass Image Compressor Compressed this image. https://sourceforge.net/projects/icompress/

ထောပတ်သီးတွေမှာ အမျှင်ဓာတ်၊ ဗီတာမင် အီး၊ ပိုတက်ဆီယမ် နှင့် အဆီဓာတ်များစွာပါဝင်နေပါတယ်။ အလယ်အလတ် အရွယ်အစားရှိတဲ့ ထောပတ်သီးတစ်လုံးမှာ ၂၅ ကယ်လိုရီ နှင့် အဆီဓာတ် ၂၁ ဂရမ် ပါဝင်နေပါတယ်။ ဒါ့ကြောင့် များများစားရင်တော့ ဝိတ်တက်လာနိုင်ပါတယ်။