Influenza (Flu) တုပ်ကွေးနဲ့ COVID-19 ကိုဗစ် နှစ်မျိုးလုံးက အသက်ရှူလမ်းကနေ ကူးစက်တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေဖြစ်ပေမယ့် အမျိုးအစားမတူပါဘူး။ Influenza နဲ့ SARS-CoV-2 လို့ခေါ်ပြီး ကိုဗစ်က ပိုပြီးကူးစက်လွယ်သလို ပိုဆိုးနိုင်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးက ပေါ်နေတာကြာပါပြီ။ ကိုဗစ်ကာကွယ်ဆေးကတော့ နောက် လအနည်းငယ်ကြာမှသာ ထိုးပေးနိုင်လာနိုင်မယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာတွေ ဆင်တူတာလည်းရှိပါတယ်။ ပိုးဝင်ပြီး ရောဂါလက္ခဏာ မခံစားရတာလည်းရှိကြတယ်။ မတူတာလည်းရှိပါတယ်။

ဆင်တူတဲ့ ရောဂါလက္ခဏာများ

  • ဖျားနာခြင်း
  • ချမ်းတုန်ခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • အားနည်းခြင်း
  • လည်ချောင်းနာခြင်း
  • နှာရည်ယိုခြင်း
  • ကြွက်သား ကိုယ်လက် ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • အော့အန် ဝမ်းပျက်ခြင်း (အချို့သာ)

Source: Al Jazeera

အနံ့နဲ့ အရသာပျက်ခြင်း ပျောက်ခြင်းကတော့ ကိုဗစ်မှာသာ ဖြစ်ပါတယ်။

တုပ်ကွေးကူးစက်ခံရအပြီး ၁ ရက်ကနေ ၄ ရက်မှာ ရောဂါလက္ခဏာတွေ ခံစားရပါတယ်။ ကိုဗစ်ကူးစက်ခံရအပြီး ၂ ရက်ကနေ ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ ခံစားရပါတယ်။

နှစ်မျိုးလုံးမှာ ရောဂါလက္ခဏာတွေ မခံစားရမီ ၁ ရက်ကစပြီး သူများကို ကူးစက်စေနိုင်ကာ ကိုဗစ်က ပိုပြီးကြာကြာ သူများကို ကူးစက်စေနိုင်ပါတယ်။

တုပ်ကွေးမှာ ၂ ရက်ကနေ ၃ ရက်ထိ သူများကိုကူးစက်မှု အများဆုံးဖြစ်ပြီး ၇ ရက်အထိလည်း ဖြစ်နိုင်ပါတယ်။

ကိုဗစ်ကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။ ရောဂါလက္ခဏာတွေ မခံစားရမီ ၂ ရက်ကနေ အနည်းဆုံး ၁၀ ရက်အတွင်း သူများကို ကူးစေနိုင်ပါတယ်။ COVID-19 positive ပေါ့ဇေးဆစ်ဖြစ်ပြီး ၁၀ ရက်လို့ ပြောနိုင်ပါတယ်။

Source: Henry Eye Clinic

နှစ်မျိုးလုံးဟာ လူကနေ လူကို ကူးစက်ပါတယ်။ ၆ ပေပတ်လည်အတွင်းက လူတွေဆီကို ကူးစက်နိုင်ပါတယ်။ နှစ်မျိုးလုံးဟာ Droplets ခေါ် အသက်ရှူလမ်းကထွက်လာတဲ့ အမှုန်လေးတွေကို ချောင်းဆိုး၊ နှာချေ၊ စကားပြောခြင်းမှတဆင့် ရှူမိရာကနေ ကူးစက်ပါတယ်။

လက်ဆွဲနှုတ်ဆက်ခြင်၊ ပွေးဖက်ခြင်း၊ ထိကိုင်ခြင်းတွေကကနေ ကူးစက်ခံရနိုင်ပါတယ်။ အမှုန်လေးတွေ တင်ကျန်နေတဲ့မျက်နှာပြင်ကို ထိကိုင်ရာကနေလည်း ကူးစက်နိုင်လို့ လက်ဆေးရ၊ မျက်နှာပြင်တွေကို သန့်ရှင်းပေးရပြီး မျက်စိကိုထိကိုင်တာလည်း မလုပ်သင့်ပါဘူး။ တုပ်ကွေးဖြစ်ရင် ပြန်ကောင်းတာမြန်ပြီး ၂ ပတ်ထက်ပိုမကြာပါဘူး။

နှစ်မျိုးလုံးကနေ နောက်ဆက်တွဲဖြစ်တာ တူတာတွေရှိပါတယ်။

  • နူမိုးနီးယား ခေါ် အဆုတ်ရောင်ခြင်း
  • အသက်ရှူလမ်းအလုပ်မလုပ်နိုင်တော့ခြင်း
  • အဆုတ်ထဲရေအောင်းခြင်
  • ပိုးကြောင့်တစ်ရှူးတွေပျက်စီးခြင်း
  • နှလုံးအတက်ရခြင်း၊ ဆထုပ်ရခြင်း
  • အသက်ရှူစနစ်၊ ဦးနှောက်၊ ကြွက်သား၊ ကျောက်ကပ် အလုပ်မနိုင်တော့ခြင်းနှင့် ရှော့ရခြင်း

Source: Freepik

ကိုဗစ်မှာ ပိုဆိုးတယ်။ သွေးခဲလေးတွေ အဆုတ်၊ နှလုံး၊ ခြေထောက်နဲ့ ဦးနှောက်ထဲက သွေးပြန်ကြောထဲ ပိတ်နိုင်တယ်။

Credit: ဒေါက်တာတင့်ဆွေ