ပန်းသီးရှာလကာရည်ကို ဝယ်ရခက်တယ်လို့ ပြောနေကျသူတွေအတွက် အိမ်မှာဘဲ ပန်းသီးရှာလကာရည် လုပ်လို့ရတဲ့ နည်းလမ်းလေးကို ဝေမျှလိုက်ပါတယ်နော်။

ပန်းသီးရှာလကာရည် လုပ်ဖို့ လိုအပ်တာတွေက

  • ပန်းသီးအသေးဆို ၃ လုံး၊ ပန်းသီး အကြီးဆို ၂လုံး (ဓာတု ဆေးဝါးမသုံးစွဲထားတဲ့ organic အသီးလေးတွေ သုံးရင် ပိုကောင်းပါတယ်)
  • သကြား အညို လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ရေကျက်အေး

ပြုလုပ်နည်း

ပန်းသီးလေးတွေကိုရေဆေးပြီး အစိတ်လေးတွေ စိတ်လိုက်ပါ။ အခွံပါထည့်လို့ရပါတယ်။

သန့်ရှင်းပြီး အဝကျယ်တဲ့ ပုလင်းအလွတ်တစ်လုံးထဲထည့်လိုက်ပါ။

သကြားလက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ရေကျက်အေး တစ်ခွက်နဲ့ရောပြီး

ပန်းသီးတွေအပေါ်ကနေ လောင်းချပါ။ ပန်းသီးတွေကို မြှပ်အောင် လောင်းချပါ။

လက်သုတ်ပါဝါ သန့်သန့် နဲ့ အပေါက်ကို အုပ်လိုက်ပြီး သားရေကွင်းနဲ့ စီးထားပါ။ ဒါမှမကောင်းတဲ့အနံ့တွေ ထွက်သွားနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီပုလင်းကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ၂ ပတ်ကနေ ၃ပတ်ကြားထားပါ။

ပြီးရင် ပန်းသီးတွေ ဖယ်လိုက်ပါ။

02

ပုလင်းကို ခြောက်သွေ့၊ နွေးထွေးပြီး အလင်းရောင် တိုက်ရိုက်မကျတဲ့နေရာမှာ ပြန်ထားပါ။ သိမ်းထားအချိန်အတွင်း ရက်အနည်းငယ်ကြာရင် တစ်ခါ ပလပ်စတစ် သို့ သစ်သား ဇွန်းနဲ့ မွှေပေးပါ။ ၄ ပတ်ကနေ ၆ ပတ်အကြား သိမ်းထားပါ။

၄ပတ်ကြာတဲ့အခါမှာ ပန်သီးရှာလကာရည်ကို မြည်းကြည့်ပြီး ကိုယ့်ကြိုက်တဲ့ အနေအထားမျိုးရလာရင် အဖုံအပိတ်ပါတဲ့ ပုလင်းတစ်လုံးထဲပြောင်းထည့်ပြီး အသုံးပြုလို့ရပါတယ်။