ဂျင်းဘီယာတဲ့လား။ ဟုတ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရသာရှိတဲ့ ဂျင်းဘီယာကို ဘယ်လိုလုပ်သလဲဆိုတာ မျှဝေပေးသွားပါမယ်။
ဒီဘီယာလေးက အစာအိမ်ဆိုင်ရာ ရောဂါတွေ၊ အဆစ်ရောင်တာတွေ၊ သွေးတွင်းသကြားဓါတ်တွေနဲ့ ကိုလက်စထရောကို ကုသပေးနိုင်ပါတယ်။
ဒါ့အပြင် ကင်ဆာရောဂါအမျိုးမျိုးကနေလည်း ကာကွယ်ပေးနိုင်တာမို့ စာဖတ်သူတွေအတွက် အကျိုးထူးစေမှာပါ။
ပါဝင်ပစ္စည်း
ဂျင်း ၂၀၀ ဂရမ် (အခွံနွှာပြီး တောက်တောက်စဉ်းပေးထားပါ။)
သကြား ၂၀ ဂရမ်
သံပုရာသီးအနည်းငယ်
သံပုယိုသီး တစ်စိတ်
ရေသန့် ၁၂၀ မီလီလီတာ
ပေါင်းခံရေ ၄၅၀ မီလီလီတာ
ပျားရည်အနည်းငယ်
ပြုလုပ်နည်း
အိုးအကြီးတစ်လုံးထဲမှာ ပေါင်းခံရေထည့်ပြီး မီးဖိုပေါ်သည်ထားပေးပါ။ ဆူပွက်လာပြီဆိုရင် ဂျင်းထည့်ပါ။ ပြီးရင်အပူကိုလျှော့ပြီး ၅ မိနစ်လောက်သည်ထားပေးပါ။ ပြီးရင်မီးဖိုပေါ်ကချပြီး မိနစ် ၂၀ လောက်ထားကာ ဇကာ (သို့) ကန်တော့ နဲ့ ရေကိုဆစ်ယူလိုက်ပါ။
နောက်ထပ်အိးတစ်လုံးကိုယူပါ။ အဲဒီအိုးထဲမှာ သကြားကို ပေါင်းခံရေ တစ်ခွက်ထဲထည့်ပြီး ဆူအောင်သည်ပေးပါ။ ဆူလာရင် မီးဖိုပေါ်ကချပေးပါ။
ပြီးရင် စောစောကသည်ထားတဲ့ ဂျင်းရည်ခွက် တစ်ဝက်၊ ရေသန့် ခွက်တစ်ဝက်နဲ့ စောစောကသည်ထားတဲ့ သကြားနဲ့ပေါင်းခံရေ ခွက် ၁/၃ ခွက်ကိုထည့်ပါ။ ပြီးရင် သံပုရာရည်အနည်းငယ်နဲ့ ပျားရည်ထည့်ပြီး မွှေပေးပါ။ သံပုယိုသီး တစ်စိတ်ကိုတော့ အလှဆင်ပါ။
ပြီးရင်တော ရေခဲထည့်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
ဂျင်းဘီယာနဲ့ အကျိုးကျေးဇူးများ
ဂျင်းဘီယာဟာ အစာအိမ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ကိုလက်စထရောကျစေပြီး သွေးတွင်းသကြားဓါတ်ကိုလည်းကျစေပါတယ်။ ဒါ့အပြင် အအေးမိ ဖျားနာတာကိုကာကွယ်ပေးပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။