အခုရက်ပိုင်းရာသီဥတုက ပူလိုက်အေးလိုက်နဲ့ ပုံမှန်မဟုတ်တော့ ဖျားနာခြင်း ခေါင်းကိုက်ခြင်း လည်ချောင်းနာခြင်း အာသီးရောင်ခြင်း စတဲ့ ပြဿနာတွေတော်တော်များများ အဖြစ်များနေပါတယ်။ဒီလိုပြဿနာတွေထဲကမှ အာသီးရောင်ခြင်း ဝေဒနာကတော်တော်လေးကိုခံရခက်ပြီး တံတွေးမြိုချတာကအစ စိတ်ကသိကအောက်ဖြစ်စေပါတယ်။ဒါကြောင့် အာသီးရောင်တဲ့ဝေဒနာကိုအမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆားရည်ငုံပါ

Source : improvehealth

အာသီးရောင်တာကိုအထိရောက်ဆုံးသက်သာစေတဲ့ နည်းလမ်းလေးတစ်ခုက အားလုံးသိကြတဲ့အတိုင်း ရေနွေးထဲဆားထည့်ပြီး ငုံပေးခြင်းပဲဖြစ်ပါတယ်။ဆားရည်ငုံပေးခြင်းဖြင့် အာသီးရောင်တာကိုသက်သာစေပြီး ခံတွင်းထဲမှာရှိတဲ့ မမြင်နိုင်တဲ့ပိုးမွှားတွေကို သန့်စင်ပေးမှာဖြစ်ပါတယ်။

(၂) ရေနွေးနဲ့ပျားရည်သောက်ပါ

Source : Healthline

ရေနွေးဟာ အာသီးရောင်ရမ်းနာကျင်မှုကို လျော့ကျစေဖို့ကူညီပေးပါတယ်။ရေနွေးထဲ ပျားရည်တစ်ဇွန်းထည့်သောက်ခြင်းဖြင့် အာသီးရောင်ခြင်းကို ပိုမိုထိရောက်စွာသက်သာစေမှာဖြစ်ပြီး အချိန်တိုအတွင်း အလျင်မြန်ဆုံးပျောက်ကင်းစေတဲ့ အိမ်တွင်းကုထုံး တစ်မျိုးဖြစ်ပါတယ်။

(၃) အေးတဲ့အစားအစာတွေစားပါ

Source : Healthline

အအေးဓာတ်က ရောင်ရမ်းနေတဲ့နေရာတွေထုံသွားစေပြီး အလျင်အမြန်ဆုံး ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ရေခဲချောင်း ရေခဲမှုန့် အအေးခံထားတဲ့ဒိန်ချဉ်စတဲ့အအေးဓာတ်ပါတဲ့အစားစာတွေကို စားသုံးပေးမယ်ဆိုရင် လည်ချောင်းရောင် ရမ်းနာကျင်မှုတွေကိုလျော့ကျစေပြီး အာသီးရောင်တာကို သက်သာစေမှာဖြစ်ပါတယ်။

(၄) ကောင်းကောင်းအနားယူပါ

Source : Medical Daily

လည်ချောင်းနာခြင်း အာသီးရောင်ခြင်း ဖြစ်တဲ့အခါ ကိုယ်ခံအားအလွယ်တကူကျဆင်းစေပြီ ဖျားနာခြင်းဝေဒနာတွေကို တစ်ပါတည်း ခံစားရ စေနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မှာကိုယ်ခံအားမြှင့်တက်ပြီး ကြံ့ခံနေစေဖို့ ကောင်းစွာအနားယူပေးဖို့လိုအပ်ပါတယ်။ဒါ့အပြင် အားရှိစေဖို့ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေစားသုံးခြင်း ရေများများသောက်ခြင်းစတဲ့အချက်တွေကို ပြုလုပ်ပေးသင့်ပါတယ်။