မင်္ဂလာပါနော်။ ချစ်သော ဖေဖေ မေမေတို့ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးရောဂါဖြစ်မှာ စိုးရိမ်လာရပါတယ်။ နှလုံးသွေးကြောကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေဖို့ သဘာ၀ ဆေးနည်းကို မျှဝေပေးချင်ပါတယ်။

ဒီဆေးနည်းက အိမ်က ဖေဖေကိုယ်တိုင်လည်း စွဲစွဲမြဲမြဲသောက်နေတာမို့ စာဖတ်သူတို့ရဲ့ ဖေဖေ မေမေ ဖိုးဖိုး ဖွားဖွားတို့အတွက်လည်း မျှဝေပေးချင်ပါတယ်။ သက်လုံကိုလည်းကောင်းမွန်စေပြီး ဒီဆေးသောက်လိုက်ရင် သွေးတိုးလည်း ကျစေတယ်လို့ ဖေဖေက သူ့အတွေ့အကြုံကို မျှဝေပါတယ်။ ဒီဆေးနည်းက အသက်အရွယ်ရလာတဲ့ ဖေဖေမေမေတို့သာမက လူငယ်နဲ့ လူလတ်ပိုင်းအရွယ်လေးတွေလည်း သောက်သုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

သံပုယိုသီး (သို့) သံပုရာသီး

ကြက်သွန်ဖြူ

ဂျင်း

ပန်းသီး ရှလကာရည် (Apple Cider Venigar)

ပျားရည် တို့ဖြစ်ပါတယ်။

သံပုယိုသီး (သို့) သံပုရာသီး အရည်ညှစ် တစ်ခွက်စာ ၊ ကြက်သွန်ဖြူကို အခွံနွှာ ကြိတ်ပြီး အရည်ညှစ်တစ်ခွက်စာ၊ ဂျင်းကိုလည်း အခွံနွှာ ကြိတ်ပြီး ၁ ခွက်စာ အရည်ညှစ်ပေးရမှာပါ။ ပန်းသီး ရှလကာရည်လည်း ၁ ခွက်စာဖြစ်ပါတယ်။ အခုလက်ရှိ ဈေးကွက်ထဲမှာအရည်သတ်သတ် အဖတ်သတ်သတ် ထွက်တဲ့ ဖျော်စက်တွေလည်း ရှိနေပါပြီနော်။ ဖျော်စက်မရှိဘူးဆိုလည်း စိတ်မပူပါနဲ့ ငရုတ်ကျဉ်ပွေ့ အသန့်နဲ့ ထောင်းပြီး အဝတ်စအသန့်ထဲထည့်ကာ အရည်ညှစ်ထုတ်ပေးရမှာဖြစ်ပါတယ်။

အခုလို ပါဝင်ပစ္စည်းအားလုံးကို ဆတူရောပြီး ထည့်လိုက်ပြီဆိုရင်တော့ ဒယ်အိုးတစ်လုံးထဲထည့်ပြီး အရည် ၄ ပုံ ၁ ပုံလောက် ခမ်းသွားအောင်ကျိုပေးပါ။ ပြီးရင်တော့ အအေးခံပါ။ အေးသွားပြီဆိုရင် ပျားရည်ထည့်ပါ။ ပျားရည်ကို ချိုတာကြိုက်ရင်များများထည့်ပြီး အချိုမကြိုက်ရင်လည်း နည်းနည်းပဲထည့်လို့ရပါတယ်။

ပြီးရင်တော့ ဘူးအလွှတ်တစ်ဘူးထဲထည့်ပြီး အေးတဲ့နေရာ ရေခဲသေတ္တာထဲမှာထည့်ပေးပါ။ ရေသန့်ဘူး အသေး ၁ ဘူးဆိုရင် ၁ လလောက်သောက်လို့ရပါတယ်။

ဘယ်လိုသောက်ရမလဲ

သောက်မယ်ဆိုရင်တော့ မနက်စာအစားခင် နာရီဝက်လောက်အလိုမှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ပေးပါ။ ကျန်းမာရေးအတွက် လမ်းလျှောက်ပါ။

ကဲ ချစ်သောဖေဖေ မေမေတို့အတွက် အသက်ရှည်ဆေးလေး ဖော်ပေးလိုက်ရအောင်နော်။