ကျွန်မတို့ရဲ့ကျန်းမာရေးကို ထိခိုက်နိုင်သောအခြေအနေများစွာရှိပြီး အဆင်မပြေမှုကိုတော်တော်ဖြစ်စေနိုင်တဲ့ ပြဿနာတစ်ခုမှာ နားနာကျင်မှု ဖြစ်ပါတယ်။ ဒီစိတ်အနှောင့်အယှက် ဖြစ်စေတဲ့နာကျင်မှုကကျွန်မတို့ရဲ့အလုပ်နဲ့ ကျောင်းစာသင်အချိန်အပြင် အပန်းဖြေ အနားယူချိန်တွေမှာပါ အကျိုးသက်ရောက် ပါတယ်။ ဒါပေမယ့်လည်းကံကောင်းတာက ဒီနားနာကျင်မှုကို လျှော့ချရန်အတွက် အိမ်တွင်းကုထုံးအချို့ရှိပါတယ်။

Bright Side မှကျွန်မတို့နားနာကျင်မှုသက်သာစေရန်ကုစားနည်းများနှင့်အကြံဥာဏ်များကိုမျှဝေချင်ပါတယ်။နောက်တစ်ခုက အဲဒီကုထုံးတွေ လက်တွေ့မလုပ်ခင် အရင်ဆုံး ဆရာဝန်နှင့်တိုင်ပင်ရန်မမေ့ပါနဲ့။

၁။ဆေးအပြင်းသောက်ခြင်း

နားနာကျင်မှုအတွက် နာကျင်မှုများကိုထိန်းချုပ်ပေးတဲ့ဆေးများဖြစ်တဲ့ acetaminophen, ibuprofen နှင့် aspirin တို့က အထောက်အကူဖြစ်ပါတယ်။ သို့သော်လည်း သင့်တော်သောဆေးများအတွက် ညွှန်ကြားချက်များကိုလိုက်နာရန် နဲ့ကလေးငယ်များကိုမတိုက်ခင် ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ် ပါတယ်။ အများအားဖြင့် ၎င်းဆေးတို့ကို တိုက်တဲ့အခါမှာလည်း အနည်းငယ်သာ တိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရွယ်မရောက်သေး သူများအတွက် Aspirin သောက်ရန် အန္တရာယ်များတဲ့အတွက်ဖြစ်ပါတယ်။

၂။သံလွင်ဆီ

နားနာခြင်းအတွက် သံလွင်ဆီကိုသုံးတာကို ဘယ်ဆေးထောက်ခံချက်မှမရှိသော်လည်း လူကြိုက်များသောအကြံပြုသောဆေးမှာသံလွင်ဆီဖြစ်ပါတယ်။ ၄င်းတွင်ဖယောင်းများ စုဆောင်းခြင်းကဲ့သို့ ဖြစ်ပေါ်သောနာကျင်မှုကို လျှော့ချရန်ကူညီပါတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းကိုတိုက်ရိုက်အသုံးပြုခြင်းက နားအတွင်းမှာဆူလာပြီး အပြင်ကို လျှံထွက်လာတဲ့အတွက် လွယ်ကူစွာဖယ်ရှားပေးနိုင်တယ်။ American Academy of Pediatrics မှ ထောက်ပြတဲ့ အရာမှာ နားရောင်းရမ်းပူပြင်းတဲ့အခါ သံလွင်ဆီအနည်းငယ်ကို နားရွက်ထဲသို့ထည့်ခြင်းက နာကျင်မှုကို လျော့နည်းစေတဲ့ အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

၃။ကြက်သွန်ဖြူ

 width=

နှစ်ပေါင်းများစွာကတည်းက ကြက်သွန်ဖြူတွင် ရောင်ရမ်းခြင်းနှင့်ရောဂါပိုးမွှားတိုက်ဖျက်ခြင်းဂုဏ်သတ္တိများရှိတဲ့အတွက်ကြောင့် နာကျင်မှုကို သက်သာစေရန်နဲ့ ရောဂါကူးစက်မှုကို ကာကွယ်ရန်အတွက်အသုံးပြုခဲ့ကြပါတယ်။ နားနာကျင်မှုနဲ့အဆင်မပြေမှုကိုသက်သာစေရန် ကြက်သွန်ဖြူကို နှမ်းဆီ၌မိနစ်အနည်းငယ်စိမ်ပါ။ ထို့နောက်၎င်းကိုစစ်ထုတ်ပြီး နားအဝတွင်ကပ်လိုက်ပါ။