လက်တွေက မျက်နှာထက်စာရင် ပိုပြီး အိုမင်းလွယ်ကြပါတယ်။ ဒါပေမယ့် လက်တွေကို သေချာ ထိန်းသိမ်းထားမယ်ဆိုရင်တော့ ဒီလို အိုမင်းမှုကနေ ကာကွယ်နိုင်ပါတယ်။

လက်တွေကို သေချာဂရုတစိုက်ဆေးကြောပါ

ခဏခဏ ဆပ်ပြာနဲ့ ထိတွေ့တဲ့လက်တွေက စိုစွတ်မှုတွေ မရှိတော့ဘဲ ခြောက်သွေ့ကွဲအက်လာတတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ Antibacterial ဆပ်ပြာတွေ၊ ရေမွှေးပါတဲ့ ဆပ်ပြာတွေမသုံးပါနဲ့။ သံလွင်ဆီတို့ ရှားစောင်းလက်ပတ်တွေပါတဲ့ ဆပ်ပြာတွေကို သုံးပါ။ လက်ကို အရမ်းပူတဲ့ရေတွေနဲ့ မဆေးဘဲ ရေနွေးနွေးလေးနဲ့ပဲ ဆေးပါ။ လက်အခြောက်ခံစက် Dryers တွေကို မသုံးဘဲ၊ တစ်ရှူးနဲ့ပဲ သုတ်ပါ။

လက်အိတ် စွပ်ပါ

ပန်းကန်ဆေးတဲ့အချိန်မှာ အေးခဲတာ၊ ဓာတုပစ္စည်းတွေ ကြောင့်လက်တွေကို ပိုပြီး အိုမင်းစေပါတယ်။ ဒါကြောင့် လက်အိတ်စွပ်ပါ။ သစ်ပင် ပန်းမန်တွေ စိုက်ပျိုးရာမှာလည်း လက်အိတ်စွပ်သင့်ပါတယ်။

Hand Cream သို့ Lotion လိမ်းပါ

Hand Cream တချို့ကလည်း ဆပ်ပြာလိုဘဲ ဆိုးကျိုးတွေရှိတာကြောင့် သတိထားပြီး သုံးသင့်ပါတယ်။ Hand Cream ဒါမှမဟုတ် Lotion ကို တစ်နေ့ကို ၂ ကြိမ်ထက်မနည်းလိမ်းပေးပါ။ ကိုယ်က အသားအရေ ခြောက်တဲ့သူဆိုရင် ဆပ်ပြာနဲ့ လက်ဆေးပြီးသားနဲ့ လိမ်းပေးပါ။ ရေ များများသောက်ပါ။ လက်သည်းကိုပါ ဗီတာမင် E နဲ့ထုတ်ထားတဲ့ Cream လေးတွေ လိမ်းပေးပါ။

လက်ကိုလည်း Scrub လုပ်သင့်

မျက်နှာလိုပဲ လက်လည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ Scrub လုပ်သင့်ပါတယ်။

လက်ကို Scrub လုပ်ဖို့

ထောပတ်သီး တစ်လုံးရဲ့ တစ်ဝက်

ကြက်ဥ ၁လုံးရဲ့ အနှစ်

သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တို့ကို ရောပြီး လက်မှာ လိမ်းကာ မိနစ် ၂၀လောက်ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အပြင်ထွက်ရင် နေရောင်ဒဏ်ကို ကာကွယ်နိုင်တဲ့ SPF ပါတဲ့ Lotion ကို လက်မှာ လိမ်းပေးပါ။