ချောင်းဆက်တိုက်ဆိုးတာဟာ တကယ်ကိုနေရခက်ပါတယ်။ အအေးမိတာနဲ့ ချောင်းဆိုးတာက စတင်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ချောင်းဆက်တိုက်ဆိုးနေတာတွေကို သက်သာသွားစေမယ့် ဘဘာဝနည်းလမ်းကောင်းငါးမျိုးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကိုယ်သောက်မယ့် လက်ဖက်ရည်ခွက်ထဲကို ပျားရည် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီး သောက်ပေးခြင်းက ချောင်းဆိုးတာတွေကိုသက်သာစေပြီး လည်ချောင်းမှာကပ်နေတဲ့ ဗတ်တီးရီးယားတွေကိုလည်း ယူပစ်လိုက်သလို ပျောက်သွားစေပါတယ်။

အခွံခွာပြီးသား ကြက်သွန်ဖြူ သုံးတက်ကို နွားနို့ပူပူတစ်ခွက်ထဲထည့်ပြီး ညအိပ်ခါနီးမှာ သောက်ပေးရပါမယ်။ မနက်ရောက်တာနဲ့ လည်ချောင်းရှင်းပြီး ချောင်းဆိုးတာတွေ သက်သာသွားပါလိမ့်မယ်။

ရေနွေးတစ်ခွက်ထဲကို ဂျင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ လေးညှင်းမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်မွှေပြီး သောက်ပေးမယ်ဆိုရင်တော့ ရက်ပိုင်းအတွင်းမှာပဲ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

ကြက်သွန်နီကို အရည်ညှစ်ချပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာသောက်ပေးရင်လည်း ချောင်းဆိုးနေတာတွေကို သက်သာပျောက်ကင်းစေပါတယ်။

နှမ်းစေ့ကိုကြိတ်ထားတဲ့အမှုန့် (Sesame Seed Powder) – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေ – လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာနဲ့ ရောမွှေပြီး တစ်နေ့ နှစ်ကြိမ် သောက်ပေးခြင်းကလည်း ချောင်းဆိုးနေတာတွေကို သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။

အခုပြောပြပေးလိုက်တဲ့ နည်းလမ်းငါးမျိုးထဲက ကိုယ်အဆင်ပြေတာတစ်ခုကိုပဲ သေချာလုပ်ပေးရင်ရပါပြီ။

Photo Source: www. brightside.me.com