အားအင်ကုန်ခမ်းခြင်း၊ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းတို့က လူတိုင်းလူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ သာမန်ပြဿနာတစ်ခုပါ။ လိုအပ်တဲ့အာဟာရဓာတ်များနည်းပါးခြင်း၊ အိပ်ချိန်လုံလုံလောက်လောက်မရှိခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အရက်သေစာအလွန်အကျွံသောက်သုံးခြင်း၊ အစာမစားခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းနှင့် ကိုယ်ခန္ဓာပင်ပန်းခြင်းတို့ကြောင့် အားနည်းမှုကိုခံစားရနိုင်ပါတယ်။

ဒါကြောင့် အားအင်ပြန်လည်ဖြည့်တင်းနိုင်ပြီး ကိုယ်ခန္ဓာစွမ်းအင်မြှင့်တင်နိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ငှက်ပျောသီး

အားနည်းပြီလို့ ခံစားရတဲ့အခါတိုင်း ငှက်ပျောသီးတစ်လုံး သို့မဟုတ် နှစ်လုံးကိုစားပေးခြင်း၊ ငှက်ပျောသီးဖျော်ရည်သောက်သုံးခြင်းဖြင့် ခန္ဓာအားအင်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

၂။ အယ်လ်မွန်စေ့များ

အားအင်ပြည့်ဝသွက်လက်စေရန် ဗီတာမင်အီးပါဝင်သည့် လှော်ထားသည့်အယ်လ်မွန်စေ့များကို အမြဲဆောင်ထားပြီး အားအင်ကုန်ခမ်းလာပြီလို့ ခံစားရပြီဆိုတာနဲ့ ချက်ချင်းအားပြည့်ဖို့ အနည်းငယ်စားသုံးပေးပါ။

၃။ နွားနို့

အားအင်ချို့တဲ့မှုကို လျော့နည်းစေတဲ့ အဓိက ဗီတာမင်ဘီများအထူးကြွယ်ဝပြီး အရိုးနှင့်ကြွက်သားများကို သန်မာစေဖို့ ကယ်လ်စီယမ်ပါဝင်လို့ အားနည်းတဲ့အခါတိုင်း နွားနို့နွေးနွေးတစ်ခွက်ကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၄။ ဇီးဖြူသီး

ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ပရိုတင်း၊ သံဓာတ်၊ ကာဗိုဟိုက်ဒရိုတ်၊ ဖော့စ်ဖောရပ်စ်တို့အလွန်ကြွယ်ဝသည့်ဇီးဖြူသီးသည် နေ့စဉ်တစ်လုံးစားပေးရုံနဲ့ပင် ကိုယ်ခံအားကိုမြှင့်တင်နိုင်ပါတယ်။

၅။ နွယ်ချို

နွယ်ချိုသည် ခန္ဓာကိုယ်မှသဘာဝအတိုင်းထုတ်လုပ်ပေးသည့် adrenal ဟော်မုန်း ကိုလှုံ့ဆော်ပေးလို့ စွမ်းအင်နှင့်ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

နွယ်ချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို နွားနို့နွေးနွေးတစ်ခွက်ထဲထည့်ပြီး တနေ့လျှင်နှစ်ကြိမ်သောက်သုံးပေးပါ။

၆။ သရက်သီး

အရသာချိုစိမ့်ပြီး အရည်ရွှမ်းသည့်အသီးဖြစ်သော သရက်သီးတွင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် antioxidants များ အထူးပါဝင်ပါတယ်။

အားအင်နည်းပါးနေတဲ့အချိန်မှာ သရက်သီးမစ်ရှိတ်တစ်ခွက်သောက်သုံးပေးမယ်ဆိုရင် အားအင်ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

၇။ စတော်ဘယ်ရီ

Strawberry

ကယ်လိုရီနည်းပါးတဲ့ စတော်ဘယ်ရီသီးတွေက တနေ့တာလုံးတက်ကြွနေစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အားနည်းတဲ့အခါတိုင်း လတ်ဆတ်တဲ့စတော်ဘယ်ရီဖျော်ရည်ခွက်တစ်ဝက်ကို သောက်သုံးပေးနိုင်ပါတယ်။

၈။ ကြက်ဥများ

ကြက်ဥ အဖြူ နဲ့ အညို ဘယ်ဟာပိုကောင်းပါသလဲ

ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်အေ၊ ဖောလစ်အက်စစ်၊ riboflavin နှင့် pantothenic acid တို့ပါဝင်သည့် ကြက်ဥကို တနေ့တလုံးနေ့စဉ်စားသုံးပေးပါက အချိန်တိုအတွင်း ခံစားရသက်သာလာစေနိုင်ပါတယ်။ ကြက်ဥပြုတ်၊ ချိစ် သို့မဟုတ် ဟင်းသီးဟင်းရွက်များနှင့်ကြက်ဥကြော်၊ ကြက်ဥဆန်းဒဝစ်ချ်စသဖြင့် အမျိုးမျိုးစားသုံးနိုင်ပါတယ်။