အသက်အရွယ်အပိုင်းအခြားမရွေး အမျိုးသမီးတိုင်းဟာ ကိုယ်အင်္ဂါယားယံတတ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ယားယံတဲ့အခါ အလွန်မှ နေမသိထိုင်မသာ ဖြစ်ပြီး စိတ်ဖိစီးမှုအလွန်များတဲ့အခါ၊ ကိုယ်ခံအားနည်းပါးတဲ့အခါမှာ ပိုပြီးနေထိုင်ရခက်ခဲလွန်းလှပါတယ်။

ယားယံ၊ပူလောင်တဲ့ခံစားမှုတွေအပြင် အမျိုးသမီးအင်္ဂါမှာ နီရဲရောင်ရမ်းခြင်းတွေဖြစ်လာနိုင်ပြီး ဆီးသွားမှုနဲ့အနံ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုအလွန်ဒုက္ခပေးလွန်းတဲ့ အင်္ဂါယားယံတာကို အမြန်ဆုံးကုသဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

၁။ ပန်းသီးရှာလကာရည်

ယားယံမှုကိုပျောက်ကင်းစေနိုင်ရုံသာမက အမျိုးသမီးအင်္ဂါရဲ့ သဘာ၀ pH balance ကိုပြန်လည်ထိန်းသိမ်းရန် ကူညီပေးပါတယ်။

စစ်မထုတ်ရသေးတဲ့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေပူတစ်ခွက်နဲ့ရောစပ်ပြီး အင်္ဂါကိုတနေ့လျှင် နှစ်ကြိမ် ရက်အနည်းငယ်ကြာသည်အထိ မှန်မှန်ဆေးကြောပေးပါ။

နောက်တနည်းအနေနှင့် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေနွေးတစ်ခွက်တို့နှင့် ရောစပ်၍ တနေ့လျှင်နှစ်ကြိမ် နေ့စဉ်သောက်သုံးပေးပါ။

၂။ အအေးကပ်ခြင်း

ယားယံတာကို ချက်ချင်းသက်သာစေဖို့ အအေးကပ်တဲ့နည်းလမ်းကိုအသုံးပြုပါ။ ဖြစ်ပေါ်နေတဲ့ နေရာကိုထုံကျဉ်သွားစေမှာဖြစ်လို့ ယားယံခြင်း၊ရောင်ရမ်းခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ရေခဲတုံးအနည်းငယ်ကို အဝတ်သန့်ထဲထုပ်ပိုးပြီး အမျိုးသမီးအင်္ဂါပေါ်မှာ မိနစ်အနည်းငယ်တင်ထားပေးပါ။ စက္ကန့်သုံးဆယ်နားပြီး နောက်ထပ်ပြုလုပ်ပါ။ ယားယံတာရပ်သွားသည်ထိ ဒီနည်းလမ်းကိုအသုံးပြုပေးပါ။

၃။ ဆားရေချိုးခြင်း

ဆားရေကိုအသုံးပြုပြီး ရေချိုးခြင်းကလည်း ကိုယ်အင်္ဂါယားယံမှုကို သက်သာစေပါတယ်။ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေတစ်ခွက်နှင့်ရောပြီး ယားတဲ့အခါတိုင်း ကိုယ်အင်္ဂါကိုသန့်စင်ပေးခြင်းကလည်း ချက်ခြင်းသက်သာစေပါတယ်။

နောက်တစ်နည်းအနေနှင့် ရေနွေးထဲဆားတစ်ခွက်ရဲ့လေးပုံတစ်ပုံကို ထည့်ပြီး ရေထဲတွင် ဆယ့်ငါးမိနစ်ခန့်ထိုင်ပေးခြင်းကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

၄။ ဒိန်ချဉ်

အချိုဓာတ်မပါဝင်သည့် ဒိန်ချဉ်ကလည်း ကိုယ်အင်္ဂါယားယံတာတွေအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဆိုးရွားတဲ့ ဘတ်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ဒိန်ချဉ်အနည်းငယ်ကို မှန်မှန်စားပေးပါ။

၅။ ကြက်သွန်ဖြူ

Antibiotic အစွမ်းသတ္တိတွေပါဝင်လို့ ဘတ်တီးရီးယားတွေကိုသေစေနိုင်ပြီး ကိုယ်ခံအားတိုးမြှင့်ပေးပြီး ရောဂါကူးစက်မှုကိုတိုက်ထုတ်ပေးပါတယ်။

ကြက်သွန်ဖြူအဆီအစက်အနည်းငယ်ကို ဗီတာမင်အီးအဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့်ရောစပ်ပြီး ဖြစ်ပေါ်နေတဲ့နေရာကို လိမ်းကျံပေးပါ။ ဆယ်မိနစ်စောင့်ဆိုင်းပြီး ရေနွေးနွေးနှင့်ဆေးချပါ။ တနေ့လျှင်နှစ်ကြိမ် ရက်သတ္တပတ်အနည်းငယ်ပြုလုပ်ပေးပါ။

၆။ ပျဉ်းတော်သိမ်းရွက်

ပျဉ်းတော်သိမ်းရွက်လက်တစ်ဆုပ်စာကို သန့်စင်ထားသည့်ရေသုံးခွက်နှင့်ပြုတ်ပေးပါ။ စစ်ထုတ်ပြီးအအေးခံပါ။ ရလာတဲ့အရည်ကို အမျိုးသမီးအင်္ဂါကို တနေ့လျှင်နှစ်ကြိမ်ဆေးကြောပေးပါ။