တစ်ကိုယ်လုံးကျန်းမာနေပေမယ့် သွားလေးကိုက်နေရင်ကို စကားပြောမရ စားမရ သောက်မရထိ ဖြစ်ဖူးတဲ့သူတွေရှိပါတယ်။ သွားကိုက်တာကို အမြန်ဆုံးသက်သာအောင် မီးဖိုချောင်က အစားအစာတွေနဲ့ ကုသလိုက်ကြရအောင်။

ငရုတ်ကောင်းမှုန့်နဲ့ ဆား

ဆားနဲ့ ငရုတ်ကောင်းမှုန့်ကိုရော၊ ရေအနည်းငယ်ရောပြီး သွားကိုက်နေတဲ့ပေါ်မှာ လိမ်းပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ပြဲအောင်လုပ်လိုက်ပြီး ဆားအနည်းငယ်ရောကာ သွားပေါ်မှာလိမ်းပေးပါ။ ကြက်သွန်ဖြူ တစ်စိတ် ၂ စိတ်လောက်ကို ဝါးပြီး လိမ်းပေးလို့လည်းရပါတယ်။

ကြက်သွန်နီ

ကက်သွန်နီကို သွားကိုက်တဲ့နေရာမှာ ဝါးပြီး ဖိပေးထားပါ။ မဝါးချင်ဘူးဆိုရင်လည်း ဒီအတိုင်း ဖိပေးထားလို့ရပါတယ်။

ဆားရည် နွေးနွေး

ဆား ဇွန်း တစ်ဝက်လောက်ရယ် ရေနွေးတစ်ခွက်ရယ်ရောပြီး ပလုတ်ကျင်ပေးပါ။

ရေခဲ

သွားကိုက်နေတဲ့ဖက်မှာ ရေခဲကို အဝတ်စနဲ့ထုတ်ပြီး ကပ်ပေးထားပါ။