လည်ပင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့ တကယ်တမ်းဖြစ်လာရင် နေရခက်ခဲပြီး ဆရာဝန်ဆီ ပြေးရတတ်ပါတယ်။ လည်ပင်းနာတာက ကလေးတွေမှာ ဖြစ်ရင် ပိုပြီး ခံရခက်ခဲပါတယ်။

sore-throat-remedies

လည်ပင်းနာတာဟာ တံတွေးမြိုချတိုင်းနာနေတာကြောင့် ခံရခက်ပေမယ့် လည်ပင်းနာတာကို အိမ်မှာရှိတဲ့ သဘာ၀ ဆေးတွေနဲ့ သက်သာပျောက်ကင်းအောင် လုပ်ဆောင်လို့ရပါတယ်။

လည်ပင်းနာတာရဲ့ ၉၅%က ဗားရက်စ် ပိုးတွေကြောင့်ပါ။ ဒါပေမယ့် တခါတလေ ခြောက်သွေ့တဲ့လေ၊ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်တာနဲ့ လည်ပင်းနာသူတွေနဲ့ ထိတွေ့မှုများတာ၊ ရာသီဥတုအေးတာ၊ ဖျားနာ ရောဂါပိုးမွှားတွေ၊ အာသီးနာခြင်း နှင့် ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

၁။ ပူနွေးတဲ့ အရည်တစ်ခုခု သောက်ပါ။

Warm-Fluids

တကယ်လို့ ခန္တာကိုယ်က အေးနေရင် ကိုယ့်လည်ချောင်းကို သက်တောင့်သက်တာ ဖြစ်စေမယ့် ပူနွေးတဲ့ အရည်တစ်ခုခု သောက်သုံးပေးပါ။ တခါတလေ Green  Tea တို့ကို သောက်သုံးပေးပါ။

၂။ ဆားရည် ပလုတ်ကျင်းပါ။

01-throat-remedies-saltGargle

လည်ပင်းနာတာကို ချက်ခြင်း သက်သာ ချင်ရင် ရေနွေး ၈ အောင်စ ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ပလုတ်ကျင်းပေးပါ။

၃။ ပျားရည်

images

ရေနွေကြမ်းထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး ဒါမှမဟုတ် တစ်ဇွန်းစာအပြည့် တခါတည်း ပါးစပ်ထဲထည့်ပြီး စားသုံးပါ။ ဒါပေမယ့် ပျားရည်က အသက် ၁ နှစ်အောက် ကလေးငယ်တွေနှင့် သက်သက်လွတ်သမားတွေအတွက် မသင့်တော်ပါဘူး။

၄။ ဂျင်း

642x361-Does_Ginger_Tea_Have_Any_Bad_Side_Effects

ဂျင်းလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့်လည်း လည်ပင်းနာတာကို သက်သာေစေပါတယ်။ ရေနွေးပူပူထဲကို ဂျင်းထည့်ပြီး သောက်သုံးနိုင်ပါတယ်။