လည်ပင်းနာတာက ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့ တကယ်တမ်းဖြစ်လာရင် နေရခက်ခဲပြီး ဆရာဝန်ဆီ ပြေးရတတ်ပါတယ်။ လည်ပင်းနာတာက ကလေးတွေမှာ ဖြစ်ရင် ပိုပြီး ခံရခက်ခဲပါတယ်။
လည်ပင်းနာတာဟာ တံတွေးမြိုချတိုင်းနာနေတာကြောင့် ခံရခက်ပေမယ့် လည်ပင်းနာတာကို အိမ်မှာရှိတဲ့ သဘာ၀ ဆေးတွေနဲ့ သက်သာပျောက်ကင်းအောင် လုပ်ဆောင်လို့ရပါတယ်။
လည်ပင်းနာတာရဲ့ ၉၅%က ဗားရက်စ် ပိုးတွေကြောင့်ပါ။ ဒါပေမယ့် တခါတလေ ခြောက်သွေ့တဲ့လေ၊ လေထုညစ်ညမ်းမှု၊ ဆေးလိပ်သောက်တာနဲ့ လည်ပင်းနာသူတွေနဲ့ ထိတွေ့မှုများတာ၊ ရာသီဥတုအေးတာ၊ ဖျားနာ ရောဂါပိုးမွှားတွေ၊ အာသီးနာခြင်း နှင့် ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။
၁။ ပူနွေးတဲ့ အရည်တစ်ခုခု သောက်ပါ။
တကယ်လို့ ခန္တာကိုယ်က အေးနေရင် ကိုယ့်လည်ချောင်းကို သက်တောင့်သက်တာ ဖြစ်စေမယ့် ပူနွေးတဲ့ အရည်တစ်ခုခု သောက်သုံးပေးပါ။ တခါတလေ Green Tea တို့ကို သောက်သုံးပေးပါ။
၂။ ဆားရည် ပလုတ်ကျင်းပါ။
လည်ပင်းနာတာကို ချက်ခြင်း သက်သာ ချင်ရင် ရေနွေး ၈ အောင်စ ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပြီး ပလုတ်ကျင်းပေးပါ။
၃။ ပျားရည်
ရေနွေကြမ်းထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပြီး ဒါမှမဟုတ် တစ်ဇွန်းစာအပြည့် တခါတည်း ပါးစပ်ထဲထည့်ပြီး စားသုံးပါ။ ဒါပေမယ့် ပျားရည်က အသက် ၁ နှစ်အောက် ကလေးငယ်တွေနှင့် သက်သက်လွတ်သမားတွေအတွက် မသင့်တော်ပါဘူး။
၄။ ဂျင်း
ဂျင်းလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့်လည်း လည်ပင်းနာတာကို သက်သာေစေပါတယ်။ ရေနွေးပူပူထဲကို ဂျင်းထည့်ပြီး သောက်သုံးနိုင်ပါတယ်။