ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းတက်နေပြီး အဝတ်အစားတွေလည်း ကျပ်နေလို့ စိတ်ပူနေပြီလား။ အဆီတွေကို ကျစေကာ ကိုယ်အလေးချိန် ကျဖို့အတွက်ကူညီပေးနိုင်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ပျားရည်

ပျားရည်က အဆီတွေကို ကျစေပြီး ကိုယ်အလေးချိန် လျော့ချနိုင်တဲ့ အကောင်းဆုံး ဆေးဝါးပါ။ ရေနွေးပူပူတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်လိုက်ပါ။ သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကိုလည်း ထပ်ထည့်လိုက်ပြီး မွှေလိုက်ပါ။ပြီးရင် မနက်စာမစားခင်မှာ သောက်လိုက်ပါ။ ဒါက အစာခြေစနစ် ကိုကောင်းမွန်စေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

ဂျင်း

ဂျင်းက ကျန်းမာရေး ပြဿနာတွေကိုတော်တော်များများ ဖြေရှင်းပေးနိုင်ပါတယ်။ ဂျင်းကို အပါးလေးတွေလှီးပြီး ရေထဲမှာ ပြုတ်လိုက်ပါ။ ဒီဂျင်းပြုတ်ရေကို နေ့တိုင်းသောက်ပေးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျနိုင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ဗီတာမင် C,A, K , Choline, Manganese, Folate နဲ့ တခြား အဟာရ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ မနက်တိုင်း မနက်စာမစားမီ ခရမ်းချဉ်သီး ၂ လုံး၊ ၃လုံးလောက် စားသုံးပေးပါ။ ဒါက အဆီတွေကျစေပြီး Antioxidant ဓာတ်တွေလည်းပါဝင်တာကြောင့် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကို စာသုံးခြင်းဖြင့် ခွန်အားတွေပြည့်ဝစေပြီး၊ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ထောက်ပံ့ပေးကာ ခန္ဓာကိုယ်အတွင်းရှိ အဆီတွေကိုလည်း ပေါက်ကွဲလျော့ကျစေပါတယ်။ ရှားစောင်းလက်ပက်အရွက်ကို ယူပြီး ဖျော်စက်ထဲမှာ ရေဒါမှမဟုတ် လိမ္မော်ရေ တစ်ခွက်ထည့်ကာ ဖျော်လိုက်ပါ။ ဒီဖျော်ရည်ကို နေ့တိုင်းနီးပါး အနည်းဆုံး ၁ လသောက်ပါ။ ဒါက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပြီး အစာခြေစနစ်ကို အားကောင်းစေကာ အရွယ်တင်နုပျိုစေပါတယ်။

Green Tea

Green Tea ကိုတော့ ဒီနေ့ခေတ်မှာ လူတွေတော်တော်များများ စားသုံးကြပါတယ်။ သူတို့မှာ ဗီတာမင် B, Folate, ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် Antioxidants နဲ့ အဟာရတွေ အများကြီးပါဝင်တာကြောင့် အဆီတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကောင်း စေပါတယ်။ မနက်မိုးလင်းတိုင်း အစာမစားမီ Green Tea ပူပူလေး တစ်ခွက်ကို သောက်ပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မှာပါ။