ရံဖန်ရံခါ အချိန်တွေမှာတော့ နေလို့ထိုင်လို့မကောင်းဖြစ်ပြီး မအီမသာနဲ့ အန်ချင်သလိုလိုဖြစ်တဲ့အချိန်တွေ အားလုံးကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေက ဘယ်လိုမှလည်း ခံစားလို့မကောင်းဘူးဆိုတာကို ခံစားဖူးသူတိုင်း အသိဆုံးပါပဲ။

ဒီလိုအချိန်မှာ ဆေးဆိုင်သွားလို့လည်းအဆင်မပြေဘူးဆိုရင် အိမ်မှာရှိတဲ့ သဘာဝပစ္စည်းလေးတွေသုံးပြီးတော့ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

ဂျင်း

မအီမသာဖြစ်ပြီး မူးဝေအော့အန်ခြင်းများအတွက် တရုတ်နိုင်ငံမှာ နှစ်ထောင်ပေါင်းချီအောင် အသုံးပြုလာခဲ့တဲ့ ဂျင်းဟာဆိုရင် အစာအိမ်ပြဿနာများနှင့် ဝမ်းသွားခြင်းများအတွက် ဆေးစွမ်းကောင်းတစ်လက်ပါ။

ဂျင်းကိုကြိုက်သူများအတွက်တော့ အစိမ်းလိုက်စားပေးနိုင်သလို မစားနိုင်တဲ့သူများအနေနဲ့ ဟင်းချက်တဲ့အခါ သို့မဟုတ် ရေနွေးကြမ်းအနေနဲ့ သောက်သုံးပေးနိုင်ပါတယ်။

ပူစီနံ

အနံ့စူးစူးလေးရှိတဲ့ ပူစီနံဟာဆိုရင်လည်း ဝမ်းဗိုက်အတွင်းရှိ ကြွက်သားတွေကို ပြေလျော့စေတဲ့ အစွမ်းထက်ဆေးတစ်လက်အနေနဲ့ လူသိများပါတယ်။ ပူစီနံကိုသုံးစွဲပေးပါက အစားအစာများကို မြန်မြန်ဆန်ဆန် ဖြတ်သန်းသွားလာစေပြီး နေလို့ထိုင်လို့လည်းကောင်းစေမှာဖြစ်ပါတယ်။

ထမင်းစားတဲ့အချိန်မှာ တို့စရာအနေနဲ့ ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။