အားလုံးပဲမဂ်လာပါနော်..အိပ်နေရင်း ခြေထောက်ကြွက်တက်ခြင်းကို ကြုံဖူးတဲ့သူတွေရှိသလား? အဲလိုကြုံဖူးတဲ့သူတွေတော့ ခံရတော်တော် ခက်ကြောင်း သိကြမှာပါပေါ့နော်။ အင်မတန်နာကျင်ပြီး နေရထိုင်ရမသက်သာလှပါဘူး။ ဒါကြောင့် အိပ်နေချိန်တွေမှာ ခြေထောက် ကြွက်မတက် ရအောင် အိမ်တွင်း နည်းလေးတွေနဲ့ ပြင်ဆင်နည်းနဲ့  အကယ်လို့ ကြွက်တတ်ခဲ့ရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေရှိတဲ့အတွက် ပြောပြပေးချင် ပါတယ်နော်။

နွားနို့ပူပူသောက်ခြင်း

အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက် တက်တဲ့ ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့ နည်းပါ။

ရေနွေးဖြင့်ရေချိုးခြင်း

အိပ်ရာမဝင်ခင် ကြက်သီးနွေးရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေ များများလောင်းချပေးရပါမယ်။

ခြေထောက်ဆွဲဆန့်ပေးခြင်း

အိပ်ရာထဲရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေအထားနဲ့ နာရီဝက်ခန့် နေပေးပါ။ မတ်တတ်ရပ်နေစဉ် ခြေဖနောင့် ကို ကြမ်းပြင်ပေါ် ချထားပေးပြီး ခြေချောင်းတွေကို အပေါ်ကိုကော့ထားပါ။ ဒါက ခြေသလုံးကြွက်တက်တာအတွက် နည်းလမ်းကောင်း ဖြစ်ပါတယ်။

ခြေထောက်ကြွက်တက်ရင်

excises-for-leg-cramp

  • ခြေသလုံးကြွက်တက်ရင် နံရံပေါ်မှာ ခြေချောင်းတွေ ဖိထားရင်း ခြေတံကောက် ကြွက်သားတွေကို ဆွဲဆန့်ပေးပါ။
  • ကြွက်တက်တဲ့ ခြေသလုံးပေါ် ရေနွေးအိတ် တင်ပေးတာကလည်း သက်သာစေတဲ့ နည်းဖြစ်ပါတယ်။
  • တစ်နေ့ ငှက်ပျောသီး ၂-၃လုံးစားပါ။ ဒါဆိုရင် ပိုတက်စီယမ်စုပ်ယူမှု ရရှိပြီး ကြွက်တက်တာကို သက်သာစေပါတယ်။
  • တစ်နေ့ ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းစား တာကြောင့် ခြေသလုံးကြွက် တက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂ နီဆီယမ်တို့ များများ ပါဝင်တဲ့ အစားအ စာတွေကို စားပေးပါ။
  • ခြေသလုံးကြွက်တက်တဲ့ နေရာကို လာဗန်ဒါဆီ၊ ယူကလစ်ဆီစတဲ့ မရှိမဖြစ် ဆီတို့သုံးပြီး နှိပ်ပေးလိုက်ပါ။ ဒီလိုနှိပ်ပြီး ရေနွေးဆွတ်ထားတဲ့ တဘက်တစ်ထည်နဲ့ ပတ်ပေးရပါမယ်။

Source; ကျန်းမာရေးစာတိုများစုစည်းမှု