ရာသီချိန်မမှန်ကန်ခြင်းကို နောက်တစ်မျိုးအနေနဲ့ ရာသီအလာနည်းတာလို့လည်း ခေါ်ပါသေးတယ်။ အမျိုးသမီးတွေအနေနဲ့ အချို့သော အကြောင်းအရင်းတွေ၊ အမှားတွေကြောင့် ရာသီလာချိန်မမှန်တော့တာတွေ ဖြစ်နိုင်ပါတယ်။

ပုံမှန်ရာသီပေါ်ချိန်တွေဟာ ၂၁ ရက်ကနေ ၃၅ ရက်အတွင်းမှာဖြစ်လေ့ရှိပြီးတော့ တစ်ခါဖြစ်ရင် နှစ်ရက်မှ ၇ ရက်အထိ ကြာမြင့်တတ်ပါတယ်။

ဘာကြောင့် ရာသီချိန် မမှန်တာလဲ

ဆေးလိပ်သောက်ခြင်း၊ လေ့ကျင့်ခန်း မတန်တဆလုပ်မိခြင်း၊ အရက်သေစာသောက်စားခြင်း၊ ခရီးသွားခြင်း၊ ကဖင်းဓာတ်များ သောက်သုံးခြင်း၊ စိတ်ဖိစီးမှု၊ တားဆေးများ သောက်သုံးခြင်းနှင့် အချို့သော ဆေးဝါးတွေကြောင့် ရာသီမမှန်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် အလာဂျီနှာခေါင်းရောင်ခြင်းနှင့် ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူများမှာဆိုရင် ရာသီချိန်မမှန်တာဖြစ်နိုင်ခြေ ပိုပြီးများပါတယ်။

မိန်းကလေးတိုင်းကတော့ သွေးပေါ်တဲ့ပုံစံတွေ မတူနိုင်ကြပါဘူး။ အကြောင်းတစ်ခုခုပေါ်မူတည်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ သွေးပေါ်ပုံစံတွေ ကွာခြားသွားနိုင်ပါတယ်။

အကယ်လို့ ဒီလိုအခြေအနေတွေကို မခံစားနိုင်ဘူး ပုံမှန်ပဲဖြစ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ အသုံးပြုကြည့်နိုင်ပါတယ်။

ဂျင်း

ကြိတ်ခြေထားတဲ့ ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို လက်ကိုင်တပ်ဒယ်အိုးတစ်လုံးထဲသို့ ရေတစ်ခွက်နဲ့အတူထည့်ပါ။ မိနစ်အနည်းငယ်လောက် တည်ပေးပြီး သကြားနည်းနည်းထည့်ကာ သောက်ပေးပါ။ ထမင်းစားပြီးတိုင်း တစ်ခွက်ကို တစ်လလောက် မှန်မှန်သောက်ပေးမယ်ဆိုပါက စိတ်ကျေနပ်မယ့် ရလဒ်တွေကို ရရှိမှာဖြစ်ပါတယ်။

သစ်ကြံပိုးခေါက်

နွားနို့တစ်ခွက်ထဲကို သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ကာ မွှေပြီး သောက်ပေးပါ။ ရက်သတ္တပတ်အနည်းငယ်လောက်ကို နေ့စဉ်မှန်မှန်သောက်ပေးပါ။ ရာသီမမှန်ခြင်းတွေအတွက် အထူးကောင်းမွန်ပါတယ်။

မုန်လာဥနီဖျော်ရည်

သံဓာတ်ပါဝင်တဲ့ မုန်လာဥနီဖျော်ရည်ဟာဆိုရင်လည်း ရာသီချိန်မမှန်တာတွေအတွက် ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းလည်ပတ်မှုအားကို တိုးမြှင့်ရာမှာ အထူးသက်ရောက်မှုရှိတဲ့ မုန်လာဥနီတွေကို ဖျော်ရည်အနေနဲ့ သုံးလဆက်တိုက် မှန်မှန်သောက်ပေးဖို့ အကြံပြုထားကြပါတယ်။

ဒါ့အပြင် ကြံရည်ကို အနည်းဆုံးတစ်ပတ်လောက် သောက်ပေးမယ်ဆိုရင်လည်း ရလဒ်ကောင်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။