စိတ်ဖိစီးမှုများခြင်း၊ မနက်စာ မစားခြင်း၊ ယမကာသောက်သုံးခြင်းတို့ကြောင့် မကြာခဏ ခေါင်းကိုက်လေ့ရှိပါသလား။ ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီးနောက်မှာ ခေါင်းကိုက်ဝေဒနာက ပိုမိုဆိုးရွားလာပါသလား။

ခေါင်းကိုက်ပြီးနောက်မှာ မအီမသာဖြစ်ပြီး အန်ချင်နေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ခေါင်းကိုက်ဝေဒနက ရိုးရိုးခေါင်းကိုက်ခြင်း မဟုတ်ဘဲ ခေါင်းတစ်ခြမ်း ထိုးကိုက်ခြင်းပဲဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာက အချို့လူတွေဆိုရင် နာရီပိုင်းလောက်နဲ့ ပျောက်တတ်ပေမယ့် အချို့ကျတော့ ရက်အတော်ကြာသည်အထိ ဝေဒနာခံစားရလေ့ရှိပါတယ်။

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားရပြီဆိုရင် အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းကတော့ ဂျင်းအသုံးပြုခြင်းပဲဖြစ်ပါတယ်။ ဂျင်းကို ပါးပါးလှီးပြီးနောက် ရေနွေးပူထဲ ၁၀ မိနစ်ခန့် ထည့်စိမ်ပေးရပါမယ်။ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ပြီးတဲ့နောက်မှာ ဂျင်းတုံးများကို ဖယ်ရှားလိုက်ပြီး ဂျင်းလက်ဖက်ရည်ကို ပူပူနွေးနွေးလေး သောက်သုံးပေးရပါမယ်။ တကယ်လို့ သင့်အနေနဲ့ ဂျင်းရဲ့စူးရှတဲ့အရသာကို ခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ဂျင်းတုံးကိုပါ ဝါးစားပေးနိုင်ပါတယ်။

ဒီဂျင်းလက်ဖက်ရည်လေးကို တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်အထိ သောက်သုံးပေးနိုင်ပါတယ်။ ဂျင်းမှာ ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်များ ပါဝင်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းသွားစေနိုင်ပါတယ်။

ဂျင်းလက်ဖက်ရည် သောက်သုံးခြင်းအပြင် ရေခဲဝတ်ကပ်ခြင်းမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်နေတဲ့ဘက်မှာ ရေခဲဝတ်လေး ကပ်ပေးထားလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကပ်ထားပေးမယ်ဆိုရင် ခေါင်းကိုက်တာ သက်သာသွားပါလိမ့်မယ်။ လည်ပင်းမှာ ကပ်ထားပေးမယ်ဆိုရင်တော့ ပိုမိုအာနိသင် ထူးခြားပါတယ်။

ရေခဲဝတ်ကပ်ပေးနိုင်သလို ရေနွေးအိတ် ကပ်ချင်တယ်ဆိုလည်း ကပ်လို့ရပါမယ်။ နှစ်မျိုးစလုံးက ခေါင်းကိုက်ဝေဒနာကြောင့်ဖြစ်တဲ့ နာကျင်မှုကို တဖြည်းဖြည်းလျော့နည်းသွားသွားပြီး ဝေဒနာပျောက်ကင်းသွားအောင် ကူညီပေးပါလိမ့်မယ်။

ခေါင်းတစ်ခြမ်း မကိုက်အောင် ဘယ်လိုကြိုတင်ကာကွယ်ထားသင့်သလဲ

ဗီတာမင် ဘီ ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နွားနို့၊ ကြက်သားနဲ့ ချိစ်တို့ စားသုံးခြင်း၊ ဗီတာမင် အီးဓာတ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ နေကြာစေ့၊ ဟင်းသီးဟင်းရွက်ဆီ၊ မြေပဲ၊ ဗီတာမင်စီ ကြွယ်ဝသော သစ်သီးများနဲ့ ဟင်းသီးဟင်းရွက်များကို များများစားသုံးပေးရပါမယ်။

Source: Stylecraze.com