ကျွန်ုပ်တို့လူအများစုသည် အစာအဆိပ်သင့်တာကို တကြိမ်တခါတော့ ခံစားဖူးကြပါတယ်။ ဘတ်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများ သို့မဟုတ် အစားအသောက်များထဲမှ အခြားသောအဆိပ်အတောက်များကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာရတာပါ။ သူ့ရဲ့လက္ခဏာရပ်တွေကတော့ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ဝမ်းဗိုက်ကြွက်တက်ခြင်းနှင့် ဝမ်းသွားခြင်းတို့ပဲဖြစ်ပါတယ်။

အစာအဆိပ်သင့်သည့် ဝေဒနာကိုခံစားနေရချိန်မှာ ခန္ဓာကိုယ်သည် ပုံမှန်အချိန်ထက် ရေကိုပိုမိုဆုံးရှုံးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ သည့်အတွက် အဆိပ်အတောက်များကိုဖယ်ရှားပစ်ရန်အတွက် ရေများများသောက်ပေးရန်လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ့်အိမ်တွင်းရှိ မီးဖိုချောင်မှ အိမ်သုံးဟင်းချက်ဖွယ်ရာများကို အသုံးပြုပြီး အစာအဆိပ်သင့်တာကို သက်သာရာရစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ရပါတယ်။

၁။ ဂျင်း

ရင်ပူခြင်း၊ မူးဝေခြင်းနှင့် အစာအဆိပ်သင့်သည့်ပြဿများကို သက်သာစေရန်အတွက် ဂျင်းလက်ဖက်ရည်ကြမ်းတစ်ခွက်ကို နေ့လည်စာ သို့မဟုတ် ညစာစားပြီးနောက် သောက်သုံးပေးပါ။

ထောင်းကျိတ်ထားသော ဂျင်းတစ်ဇွန်းခန့်ကို ရေတစ်ခွက်ထဲထည့်ပြီး မိနစ်အနည်းငယ်မျှ ကျိုပေးပါ။ ပြီးလျှင် သကြား သို့မဟုတ် ပျားရည်အတန်ငယ်ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၂။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေနွေးပူပူတစ်ခွက်ထဲ ရောပြီး အစာမစားခင်သောက်သုံးပေးပါ။

၃။ သံပုယိုသီး

သံပုယိုသီးတွင်ပါဝင်သည့် အချဉ်ဓာတ်သည် အစာအဆိပ်သင့်မှုကို ဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားများကို သေစေနိုင်ပါတယ်။ သံပုယိုရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သကြားအနည်းငယ်ထည့်ပြီး တနေ့လျှင် နှစ်ကြိမ်မှ သုံးကြိမ်သောက်သုံးပေးပါ။

၄။ ပင်စိမ်း

ပင်စိမ်းအရွက်အနည်းငယ်မှ ရရှိလာသည့် အရည်ကို ပျားရည်တစ်ဇွန်းနှင့် ရောစပ်ပြီး တနေ့လျှင် မကြာခဏစားသုံးပေးနိုင်ပါတယ်။ ကြိုက်နှစ်သက်ပါက နံနံပင်အရည်ကိုလည်း ထည့်သွင်းပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူ

ဝမ်းသွားခြင်း၊ ဝမ်းဗိုက်ကြွက်သားနာကျင်ခြင်းစသည့် ပြဿနာများကိုပါ သက်သာစေသည့် ကြက်သွန်ဖြူကို တစ်စိတ်ဝါးစားပြီး ရေနှင့်မျိုချပေးပါ။ ကြက်သွန်ဖြူအနံ့ကိုခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ကြက်သွန်ဖြူအရည်ကို စမ်းသောက်ကြည့်ပါ။

၆။ ငှက်ပျောသီး

အစာခြေရလွယ်ကူသည့် ငှက်ပျောသီးတစ်လုံးကို စားသုံးပေးခြင်းကပင် အားအင်ပြန်လည်ဖြည့်တင်းဖို့ ကူညီပေးနိုင်ပါတယ်။ မှည့်ဝင်းနေသောငှက်ပျောသီးကို စားပေးခြင်း သို့မဟုတ် ဖျော်ရည်သောက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

၇။ ပျားရည်

Antifungal နှင့် Antibacterial အစွမ်းသတ္တိများပါဝင်သည့် ပျားရည်တစ်ဇွန်းကို တနေ့လျှင်သုံးကြိမ်စားသုံးပေးခြင်းက အစာအိမ်မသက်မသာဖြစ်ခြင်းကို ကုသပေးနိုင်ပါတယ်။ အစာအိမ်အတွင်း အက်စစ်ဓာတ်လွန်ကဲမှုကိုလည်း ထိန်းသိမ်းပေးနိုင်တာကြောင့် ငှက်ပျောသီးကို စားသုံးပေးပါ။