အစားအသောက်ဆိုတာ လူနဲ့တည့်တယ်ဆိုပေမယ့်လည်း တစ်ချို့တွေကတော့ သူတို့နဲ့မတည့်တဲ့အစားစာတွေဆိုတာရှိတတ်ပါတယ်။ အစားနဲ့ဓာတ်မတည့်တာဖြစ်တဲ့သူတွေက ကလေးတွေရော၊ လူကြီးတွေပါဖြစ်တတ်ပြီး ကိုယ်ခံအားနည်းနေတဲ့သူတွေမှာ ပိုပြီးတော့ အဖြစ်များ တတ်ပါတယ်။ စားလိုက်မိတဲ့အရာနဲ့ မတည့်လို့အလက်ဂျစ်ဖြစ်ပြီဆိုရင် သက်သာအောင်ကုသလို့ရမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မတည့်တဲ့အစားစာကိုရှောင်ပါ

တကယ်လို့ ကိုယ်ကပင်လယ်စာတွေနဲ့မတည့်လို့ အလက်ဂျစ်ဖြစ်ဖူးထားတယ်ဆိုရင် နောက်တစ်ခါထပ်ပြီး ပင်လယ်စာကိုမစားမိအောင် ဆင်ခြင်သင့်ပါတယ်။

ချင်း

ချင်းက အစာဓာတ်မတည့်လို့ အလက်ဂျစ်ဖြစ်တာတွေ အားလုံးကိုအကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ မတည့်တာတွေကိုစားမိပြီး အလက်ဂျစ်ဖြစ်နေပြီဆိုရင် ချင်းကိုပါးပါးလေးတွေလှီးပြီး ရေနွေးကြမ်းထဲကိုထည့်ပြီး ၃ ခွက် ဒါမှမဟုတ် ၄ ခွက်လောက်သောက်ပေးလိုက်ရင် သက်သာသွားစေမှာပဲဖြစ်ပါတယ်။

ရှောက်သီး

အစားနဲ့ဓာတ်မတည့်ပဲ ခဏခဏအလက်ဂျစ်ဖြစ်တတ်တဲ့သူဆိုရင်တော့ ဒါကိုကာကွယ်နိုင်မယ့်နည်းလမ်းကောင်းလဲရှိပါတယ်။ အဲဒါကတော့ ရှောက်သီးပဲဖြစ်ပါတယ်။ ရေနွေးထဲကို ရှောက်သီးအရည်ညစ်ပြီး မွှေလိုက်ပါ။ ပြီးရင် မနက်တိုင်းပုံမှန်သောက်ပေးသွားမယ်ဆိုရင်တော့ အစားစာနဲ့မတည့်တာကြောင့်ဖြစ်တဲ့ ဓာတ်မတည့်တာတွေကို ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြုကို ထမင်းစားတဲ့အချိန်တိုင်းမှာ ပုံမှန်စားပေးမယ်ဆိုရင်လည်း အဆာမကျေတာတွေ၊ အစားကြောင့်အန္တရာယ်ဖြစ်မှာတွေကို စိတ်ပူနေစရာမလိုတော့ပါဘူး။ အခန့်မသင့်လို့ အလက်ဂျစ်ဖြစ်လာပြီဆိုရင်လည်း ကြက်သွန်ဖြူကို ဒီတိုင်းကိုက်စားပေးလိုက်ရုံပါပဲနော်။

Photo Source: Unsplash