နားထဲက နားဖာချေးပိတ်ဆို့နေရင် ခံရတစ်မျိုးကြီးပါပဲ။ လေသံလိုလို၊ အူဆွဲသံလိုလိုနဲ့ အမြဲလိုလို ကြားနေရတာမို့ ခံစားရ မသက်မသာဖြစ်ပါတယ်။ အဲ့ဒီအခါမှာဆေးခန်းပြ ဆရာဝန်ပေးလိုက်တဲ့ ဆေးထည့်မှ သက်သာသွားတတ်ပါတယ်။နားဖာချေးပိတ်တာမှ မဟုတ်ပါဘူး အအေးမိနှာစေးတာကြောင့်လည်းဖြစ်တတ်သလို တခြားအကြောင်းကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲ့ဒီ့အခါမှာ သဘာဝပစ္စည်းတွေနဲ့ ကုသလို့ရပါတယ်။

၁။ သံလွင်ဆီ

သံလွင်ဆီ စစ်စစ်ကို နွေးအောင် အပူပေးပါ။ သံလွင်ဆီကို နားထည့်ဆေးဘူးထဲထည့်ပြီး ပိတ်နေတဲ့နားထဲ အစက်အနည်းငယ်ထည့်ပါ။ ၁၀မိနစ်လောက်ထားပါ။ ၁၀မိနစ်ပြည့်ရင်တော့ ဆေးထည့်တဲ့နားဘက်ကို ခေါင်းစောင်းပြီး နားကြပ်ဂွမ်းတံနဲ့ အသာအယာ နားဖာချေးသံလွင်ဆီရောကို ရှင်းထုတ်ပါ။ (အရမ်းမကလော်နဲ့နော်) သံလွင်ဆီက နားဖာချေးကို ပျော်စေတာမို့ ရှင်းထုတ်ရလွယ်စေပါတယ်။

၂။ အရက်နဲ့ ပန်းသီးရှာလကာရည်

Image result for alcohol and apple cider vinegar solution for ear

ဘက်တီးရီးယားကူးစက်မှုတစ်ခုခုကြောင်းလည်း နားပိတ်တာဖြစ်စေပါတယ်။ အဲ့ဒီ့အခါမှာတော့ အရက်နဲ့ပန်းသီးရှာလကာရည်ကို ရောထည့်လို့ရပါတယ်။ အရက်နဲ့ ပန်းသီးရှာလကာရှည်ကို ဆတူရောပြီး နားထည့်ဆေးဘူးထဲ ထည့်ပါ။ ပြီးတာနဲ့ ပိတ်နေတဲ့ နားထဲ အစက်အနည်းငယ်ထည့်ပါ။ ဆေးအလုပ်လုပ်အောင် ၁၀ မိနစ်လောက်ထားပါ။ ပြီးတာနဲ့ နားကြပ်တံနဲ့ နားဖာချေးကို ကလော်ထုတ်ပါ။

၃။ ပီကေ

လေယာဉ်အတက်အဆင်းအခြေအနေမှာလိုမျိုး လေဖိအားကြောင့်နားပိတ်တာဆိုရင်တော့ ပီကေဝါးရင်းသက်သာအောင်လုပ်လို့ရပါတယ်။ ပီကေးဝါးခြင်းဖြင့် နှာခေါင်းတွင်းနှင့်လည်ချောင်းဆက်သွယ်ထားတဲ့ပြွန်ကို ပွင့်စေတဲ့အတွက်ကြောင့် နားထဲမှာရှိတဲ့လေဖိအားတွေကိုပြေလျော့စေပြီး နားပိတ်ခြင်းမှ ကင်းလွတ်စေပါတယ်။

၄။ ပလုပ်ကျင်းမယ်

ကျန်းမာရေးအတွက် မနက်ခင်းတိုင်း သောက်ပေးသင့်တဲ့ ဆားရေ ၁ ခွက်

ဆားခတ်ထားတဲ့ရေနွေးနဲ့ ပလုပ်ကျင်းခြင်းဖြင့် နားပိတ်တာ၊ နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။ ရေနွေးတစ်ခွက်ထဲမှာ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။ အဲ့ဒီ့ရေနွေးနဲ့ ၁၅စက္ကန့်ကနေ ၁၀စက္ကန့်လောက်အထိပါးစပ်ထဲ “ဂလူဂလူ” မြည်အောင်ငုံပြီးမှ ထွေးထုတ်ပါ။ နားပိတ်တာ သက်သာတဲ့အထိ ပြန်လုပ်ပေးပါ။

၅။ အပူအုံပေးခြင်း။

Image result for compress ear

နားအပူအုံပေးတာက နားဖာချေး သို့မဟုတ် အအေးမိနှာစေးပြီး နှာခေါင်းပိတ်ရာမှတစ်ဆင့်ဖြစ်ပေါ်လာတဲ့ နားပိတ်ခြင်းကို သက်သာစေပါတယ်။ အဝတ်သန့်တစ်ခုကို ရေနွေးပူထဲနစ်ပြီး ပြန်ထုတ်ကာ ရေကုန်အောင် ညစ်ထုတ်ပါ။ ပြီးတာနဲ့ ပိတ်နေတဲ့ နားပေါ်မှာ ၅မိနစ် ၈မိနစ်လောက် အုံပေးပါ။ ပြီးတာနဲ့ပိတ်နေတဲ့ နားကို ပွင့်သွားအောင် လက်ဖဝါးလေးနဲ့အသာအယာပွတ်ပေးပါ။ နားပိတ်တဲ့အခါတိုင်းလုပ်ပေးလို့ရပါတယ်။

အကယ်လို့ ဘယ်နည်းသုံးသုံး နားပိတ်တာ မသက်သာသွားပဲ ကိုက်နေ၊ ပိတ်နေသေးတယ်ဆိုရင်တော့ နား၊နှာခေါင်း၊လည်ချောင်းအထူးကု ပြပေးတာက ပိုကောင်းပါတယ်။ သာမန်နားပိတ်တာလောက်ကိုတော့ ဒီနည်းလမ်းလေးတွေက အထောက်အကူပြုပါလိမ့်မယ်။