မိန်းကလေးများဓမ္မတာမလာခင်အချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးငယ်နို့တိုက်ကျွေးချိန်နှင့် ဓမ္မတာဖြစ်ပြီးအချိန်များတွင် ရင်သားတင်းမာမှုကို ခံစားရသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ အချို့မိန်းကလေးများအတွက် ရင်သားတင်းမာမှုနှင့် နာကျင်မှုမှာ အချိန်အတိုင်းအတာတစ်ခုပြီးလျှင် အလိုအလျောက်ပျောက်ကင်းသွားတတ်သော်လည်း ထိုတင်းမာမှုကို ခံစားနေရစဉ်အတွင်း သက်သာမှုရှိစေရန်အတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။

၁။ ညှင်သာစွာနှိပ်နယ်ပေးခြင်း

နှိပ်နယ်ပေးခြင်းသည် သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် နာကျင်မှုနှင့်တင်းမာမှုတို့ကို သက်သာပြေလျော့စေပါတယ်။

သံလွင်ဆီ သို့မဟုတ် အုန်းဆီကို ရင်သားအပေါ်လိမ်းကျံပေးပြီး အပေါ်ပိုင်းကနေစပြီး စက်ဝိုင်းပုံသဏ္ဍာန်အတိုင်း ညှင်သာစွာ နှိပ်နယ်ပေးပါ။ အခြားတစ်ဖက်ကိုလည်း ပုံစံတူပြုလုပ်ပေးပါ။ သက်သာလာသည်အထိ တနေ့လျှင် ၂ ကြိမ်မှ သုံးကြိမ်အထိ လုပ်ဆောင်ပေးပါ။

၂။ ရေခဲကပ်ပေးခြင်း

ရေခဲကပ်ပေးခြင်းက ရင်သားတင်းမာမှုအတွက်သာမက အခြားထိခိုက်ဒဏ်ရာများရဲ့ နာကျင်မှုကိုပါ သက်သာစေနိုင်ပါတယ်။

ရေခဲတုံးများကို အဝတ်တစ်ခုထဲတွင်ထည့်ချည်ပြီး ရင်သားအောက်၊ ဘယ်ဖက်၊ ညာဖက်တို့တွင် ရေခဲတုံးများအရည်ပျော်သွားသည်အထိ ထားရှိပေးပါ။ တနေ့လျှင်သုံးကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

မှတ်ချက် – ရင်သားအပေါ်သို့တိုက်ရိုက်မလုပ်ပေးပါနှင့်။

၃။ အပူကပ်ခြင်း

အပူဓာတ်ပေးခြင်းက ရင်သားအတွင်းရှိ သွေးလည်ပတ်မှုကိုကောင်းမွန်စေရန် ကူညီပေးနိုင်တာကြောင့် လက်ကိုင်ပုဝါတစ်ထည်ကို ရေနွေးနွေးထဲထည့်စိမ်ပြီး ရေညှစ်ထုတ်ပစ်ပါ။ စိုစွတ်ပြီးအနွေးဓာတ်ရှိနေသည့် တဘက်ကို နာကျင်သည့်နေရာတဝိုက်တွင် အဝတ်ခြောက်သွားသည်အထိထားပေးပါ။ တစ်ခါလုပ်လျှင် သုံးကြိမ်မှလေးကြိမ်အထိ လုပ်ဆောင်ပေးပါ။

၄။ အထောက်အပံ့ပါသည့်အတွင်းခံကိုဝတ်ဆင်ပေးပါ။

သက်သောင့်သက်သာမရှိသည့်၊ သေချာဆံ့ဝင်မှုမရှိသည့် အတွင်းခံများကို ဝတ်ဆင်ခြင်းကနေလည်း ရင်သားတင်းမာမှုနှင့် နာကျင်မှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် အရမ်းတင်းကြပ်နေသည့် သို့မဟုတ် ကြိုးပါသည့်၊ ဟောင်းနွမ်းနေသည့် အတွင်းခံများကို မဝတ်ဆင်ပါနှင့်။

၅။ ကြက်ဆူဆီ

အကြောများကို သက်သာရာရစေရုံသာမက သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းရှိ ကြက်ဆူဆီကို သံလွင်ဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်းဖြင့် ရောစပ်ကာ တင်းမာနေသောရင်သားများအပေါ် လိမ်းပေးပါ။ ပြီးလျှင် အနွေးဓာတ်ရှိသည့်အဝတ်ကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထားပေးပြီးနောက် ကြက်သီးနွေးထရုံမျှရေဖြင့် ဆီများကိုဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

တင်းမာမှုပြေပျောက်သွားသည်အထိ တနေ့လျှင်တစ်ကြိမ်လုပ်ဆောင်ပေးပါ။

၆။ ဗီတာမင်အီး

တနေ့လျှင်အကြိမ်အနည်းငယ်ခန့် ဗီတာမင်အီးအဆီကို အသုံးပြုပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ထို့အပြင် နေကြာစေ့၊ အယ်လ်မွန်၊ သံလွင်ဆီ၊ ဒေါက်ခွရွက်၊ ထောပတ်သီး၊ တရုတ်မုန်လာတို့ကဲ့သို့သော ဗီတာမင်အီးကြွယ်ဝသည့်အစားအစာများကို စားသုံးပေးပါ။