အစာအိမ်အချဉ်ပေါက်တာဟာ ခေတ္တခဏသာဖြစ်ပွားတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။

ထိုအစာအိမ်အချဉ်ပေါက်တဲ့ ပြဿနာကို ဖြစ်စေတတ်တဲ့ အကြောင်းအရင်းတွေကတော့ အဆီအစိမ့်နှင့်အစပ်အစားအစာများ၊ ဂတ်စ်ပါအအေးများ၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို စားသုံးခြင်း၊ အစာစားချိန်မမှန်ခြင်း၊ စသည်တို့ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် အစာအိမ်အချဉ်ပေါက်တဲ့အခါ ရောဂါဝေဒနာခံစားရတာမှ သက်သာစေရန် အိမ်တွင်းနည်းလမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

၁။ ပန်းသီးရှာလကာရည်

ဗိုက်အတွင်း ဂတ်စ်များပြည့်နေခြင်း၊ ဖောရောင်ခြင်းနှင့် အလွန်အကျွံလေတက်ခြင်းတို့မှ အလျင်အမြန်သက်သာစေနိုင်ပါတယ်။

ရေနွေးတစ်ခွက်ထဲသို့ ပန်းသီးရှာလကာရှည် လက်ဖက်ရည်ဇွန်းနှင့်တစ်ဇွန်း၊ ပျားရည်အနည်းငယ်နှင့် ရောစပ်ပြီး အစာမစားခင်သောက်သုံးပေးပါ။

၂။ ဂျင်း

ဂျင်းတွင်ပါဝင်တဲ့ Gingerols ဟုခေါ်သော compound များက အစာအိမ်အတွင်းနီရဲရောင်ရမ်းခြင်းနဲ့ ယားယံမှုတို့ကို သက်သာစေနိုင်သည့်အပြင် အစာခြေစနစ်ကိုပါ ကောင်းမွန်စေနိုင်ပါတယ်။

လတ်လတ်ဆတ်ဆတ်ကြိတ်ယူထားတဲ့ ဂျင်းလက်ဖက်ရည်တစ်ဇွန်းကို ပွက်ပွက်တူနေသောရေနွေးထဲသို့ ထည့်ပေးပါ။ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့်ထားပြီးနောက် စစ်ပေးပါ။ ထမင်းမစားခင် မိနစ် ၂၀ အလိုမှာ သောက်သုံးနိုင်ပါတယ်။

၃။ မုန့်ဖုတ်ဆိုဒါ

ရေတစ်ဝက်ခန့်ပါသည့် ဖန်ခွက်ထဲသို့ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် မုန့်ဖုတ်ဆိုဒါကို ထည့်မွှေပြီးနောက် သောက်သုံးပေးခြင်းက အစာအိမ်အတွင်းရှိ အက်စစ်ကိုလျော့ပါးစေနိုင်ပါတယ်။

သတိပေးချက် – မြင့်မားသည့်သွေးပေါင်ချိန်ရှိသူများ သောက်သုံးဖို့မသင့်ပါ။

၄။ ပေါင်မုန့်မီးကင်အတူး

ပေါင်မုန့်မီးကင်အပေါ်မှ အတူးလေးတွေက အစာခြေဖျက်တဲ့အချိန်မှာ ပြဿနာကိုဖြစ်ပေါ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို စုပ်ထုတ်ရန်ကူညီပေးပါတယ်။

တူးနေသည့်ပေါင်မုန့်မီးကင်နှစ်ချပ်ကို ဖြည်းဖြည်းချင်းစားသုံးပေးပြီး နွားနို့အေးအေးတစ်ခွက်ဖြစ်စေ၊ ရိုးရိုးရေတစ်ခွက်ဖြစ်စေ၊ ရေနွေးကြမ်းတို့နှင့် သောက်သုံးပေးနိုင်ပါတယ်။

၅။ စမုန်နက်

စမုန်နက်စပါးလက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို အသာအယာကြိတ်ခြေပြီး နှစ်ခွက်ပမာဏခန့်ရေထဲသို့ထည့်ပြီး တည်ပေးပါ။ မီးဖိုပေါ်မှဖယ်ပြီးနောက် ငါးမိနစ်ခန့်ခဏထားပြီး စစ်ထုတ်ကာ နွေးနေတုန်းလေးသောက်သုံးပေးပါ။

၆။ ရှားစောင်းလက်ပတ်ဖျော်ရည်

အစာခြေစနစ်ကိုကောင်းမွန်စေသည့် ရှားစောင်းလက်ပတ်အနှစ် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းကို ရေတစ်ခွက် သို့မဟုတ် သကြားမပါသည့်လိမ္မော်ရည်နှင့် ဖျော်စက်ထဲပေါင်းထည့်ပေးပါ။ သက်သာသွားသည်အထိ တစ်နေ့တစ်ကြိမ်မှန်မှန်သောက်ပေးပါ။

သတိပေးချက် – ရှားစောင်းလက်ပတ်ကို အလွန်အကျွံသောက်ပေးပါက ဝမ်းလျောမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။

၇။ ဂန္ဓာမာပန်းလက်ဖက်ရည်

လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ နှစ်ဇွန်းရှိ ဂန္ဓာမာပန်းခြောက်များကို ခွက်ထဲထည့်ကာ ရေနွေးပူလောင်းထည့်ပေးပါ။ ၅ မိနစ်မျှအဖုံးအုပ်ထားပြီးနောက် အဖတ်များကိုစစ်ထုတ်ပစ်ပြီး ပျားရည်အနည်းငယ်ထည့်ကာ သောက်ပေးနိုင်ပါတယ်။

၈။ ငှက်ပျောသီး

အစာမစားခင် သို့မဟုတ် စားပြီးနောက် ငှက်ပျောသီးတစ်လုံးကို စားသုံးပေးခြင်းက အူနံရံများကို ကောင်းမွန်စေကာ အစာအိမ်အချဉ်ပေါက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ငှက်ပျောသီးအပြင် ပန်းသီး သို့မဟုတ် သဘောၤသီးအမှည့်တို့ကို လည်း စားပေးနိုင်ပါတယ်။

၉။ ဒိန်ချဉ်

အစာခြေဖျက်ရန်လွယ်ကူပြီး ခန္ဓာကိုယ်မှလိုအပ်သည့် စွမ်းအင်နှင့်အာဟာရကို ဖြည့်တင်းပေးနိုင်တာကြောင့် အစာအိမ်အချဉ်ပေါက်သည့် ပြဿနာကို တားဆီးနိုင်မှာဖြစ်ပါတယ်။