လူတိုင်းက သံပုရာသီးမှာ ဗီတာမင် စီ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ်ဆိုတာတော့ သိပြီးကြပြီ ထင်ပါတယ်။ သံပုရာသီးမှာ ဖျော်ရည် ဖျော်သောက်တယ်၊ အသုပ်သုပ်ရာမှာ၊ ဟင်းချက်ရာမှာတို့မှာ ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါပေမယ့် သံပုရာသီးမှာ ဒီထက်ပိုပြီး အကျိုးပြုတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါသေးတယ်။

သံပုရာသီးကို ညအိပ်ရင် အိမ်ရာဘေးမှာ ထားအိပ်ရင် ရရှိမယ့် အကျိုးကျေးဇူးအကြောင်းကို ဝေမျှချင်ပါတယ်။

စိတ်ကို အပန်းပြေစေတယ်

သံပုရာသီး အနံ့က အာရုံကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပြီး၊ စိတ်လှုပ်ရှားမှုကို လျော့ပါးစေကာ စိတ်တင်းကျပ်မှုကိုလည်း ဖြေလျော့ပေးပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းပြီး စိတ်ဖိစီးမှုများနေတဲ့ ရက်တွေမှာဆိုရင် အိပ်ယာဘေးမှာ သံပုရာသီးကို တခြမ်း စိပ်ထာပြီး တင်ထားလိုက်ပါ။

အာရုံစိုက်မှု ပိုကောင်းလာတယ်

သံပုရာသီးတစ်ခြမ်းကို အိပ်ရာဘေးမှာ ထားပြီး အိပ်တာများလာလေလေ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေ ပိုအားကောင်းလာပြီး မှတ်ဉာဏ်တွေလည်းပိုကောင်းလာပါတယ်။ အဲ့ဒီအပြင် အာရုံစိုက်နိုင်အားလည်း တိုးတက်လာပါတယ်။ အလုပ်တွေမှာ သံပုရာသီး အနံ့လေးတွေ သင်းနေရင် ဝန်ထမ်းတွေ အလုပ်မှာ အမှားလုပ်နိုင်ချေနည်းတယ်လို့ ဂျပန် သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

စိတ်ခံစားမှုကောင်းပြီး အကောင်းမြင်စိတ်ရှိလာတယ်။

သံပရာသီးမှာပါတဲ့ အနံ့က စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်ပေးပါတယ်။

ပိုးမွှားတွေကို သေစေနိုင်တယ်

သံပုရာသီးမှာ စိတ်ကို ကြည်လင်တဲ့အနံ့ရှိစေရုံသာမကဘဲ ဘက်တီးရီးယား ပိုးမွှားတွေကိုလည်း သေစေနိုင်တဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အခန်းအတွင်းမှာရှိတဲ့လေတွေကိုလည်း သန့်စင်ပေးမှာ ဖြစ်ပါတယ်။

အင်းဆက်တွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်

သင့်အခန်းထဲမှာ ခြင်၊ယင်၊ ပုရွက်ဆိတ်နဲ့ တခြား အင်းဆက်တွေရောက်နေရင်လည်း သံပုရာသီးလေးတွေကို စိပ်ပြီးထားပေးထားပါ။ သူတို့က သံပုရာသီး အနံ့ကို မကြိုက်တာကြောင့် ထွက်ပြေးသွးပါလိမ့်မယ်။ အာနိသင်ပိုရှိချင်ရင် လေးညှင်းပွင့်တွေကို ခြမ်းထားတဲ့ သံပုရာသီးအပေါ် တင်ထားပေးပါ။