ထမင်းရည်ဟာ ရှေးယခင်ကတည်းက ဆေးတစ်လက်အဖြစ်အသုံးပြုခဲ့ကြတာပါ။ အားဖြည့်အချိုရည်တွေ မပေါ်ခင်တုန်းက ထမင်းရည်ဟာ အားဆေးပါပဲ။ ဒါ့အပြင် ဝမ်းချုပ်တာကို သက်သာစေပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

112

ယနေ့ခေတ်မှာတော့ ထမင်းကို ထမင်းရည်ထုတ်မချက်ကြတော့ဘဲ လျှပ်စစ်ပေါင်းအိုးနဲ့ ချက်လာကြတာတွေ့ရပါတယ်။ ဒီလိုဆိုပေမဲ့လည်း ထမင်းရည်ကို သောက်လို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။

7-final-product-rice-water

ဆန်ကို ၂ ရေ ၃ ရေလောက်ဆေးပြီး နောက်ထပ် ထပ်ဆေးတဲ့ ဆန်ဆေးရည်ကို ပွက်ပွက်ဆူအောင်သည်ပြီး သောက်လို့ရပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်သာအက အလှအပအတွက်ပါ များစွာအသုံးဝင်ပါတယ်။

after-reading-this-you-will-never-throw-away-the-rice-water-again

ထမင်းရည်ကို ပူပူလည်း သောက်နိုင်သလို အအေးခံပြီးလည်းသောက်နိုင်ပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေနဲ့ ဆံကေသာအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

skin-e1470937883774

ထမင်းရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့

အားပြည့်စေတယ်

maxresdefault

အစာအိမ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

ကင်ဆာကာကွယ်နိုင်တယ်

ricewater

ခန္ဓာကိုယ်အပူချိန်ကို ထိန်းထားနိုင်တယ်

ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်၊ ကုသပေးတယ်။

အလှအပအတွက်ဆိုရင်တော့

rw

ထမင်းရည် (သို့) ဆန်ဆေးရေနဲ့ မျက်နှာသစ်လို့ရပါတယ်။

မျက်နှာပေါ်က ချွေးပေါက်ပိတ်တာတွေ ဆားဝက်ခြံတွေကို သက်သာပျောက်ကင်းစေပါတယ်။

တောက်ပပြီး သန်စွမ်းတဲ့ ဆံကေသာကို ရရှိစေပါတယ်။

Featured Image Source: Canada Point Finder