သာမန်အားဖြင့် အရက်ကသာ ကျန်းမာရေးအတွက် ဆိုးရွားတယ်လို့ သိနေကြတာများပါတယ်။ ဘီယာကတော့ အရက်ပါဝင်မှုနည်းပြီး ပျော့တော့ ထိခိုက်မယ်လို့ မထင်ကြပါဘူး။
ဘီယာ သောက်ပြီး ၂၄ အတွင်း မှာ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုပြောင်းလဲသလဲ။
မိနစ် ၂၀
မိနစ် ၂၀ ကြာတဲ့အခါမှာ ခေါင်းကိုက်လာမယ်၊ အရမ်းပျော်ရွှင်လာမယ်၊ တခြား စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များလာမယ်။
၁ နာရီကနေ ၁ နာရီခွဲ
ရေဓာတ်တွေ ခမ်းခြောက်လာမယ်၊ ခဏခဏ ဆီးသွားမယ်၊ အိပ်ချင်လာမယ်။
၁၂ နာရီကနေ ၂၄ အကြား
အရက်နာကျတဲ့ လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်၊ ခေါင်းမူး၊ ရေငတ်၊ ဖြူဖတ်ဖြူရော်ဖြစ်မယ်၊ ခန္ဓာကိုယ်က အားမရှိဘဲ ယိမ်းထိုးနေမယ်။
နေ့စဉ် ဘီယာ သောက်ရင်
အစာအိမ်
အစာအိမ်ထဲက Mucous Membrane တွေက ထိခိုက်၊ အစာအိမ် နာကျင်လာမယ်၊ အစာအိမ်ထဲမှာ အက်ဆစ်ထွက်နှုန်း နဲ့ ထွက်ချိန် မှန်တာတွေ ဖြစ်လာပါမယ်။
အစာအိမ်ရောဂါ၊ ဝမ်းချုပ်၊ စိတ်ဓာတ်ကျတာ နဲ့ အစာအိမ်ထဲမှာ သက်တောင့်သက်သာ မရှိတာမျိုးတွေ ခံစားရနိုင်ပါတယ်။
အသည်း
အဆိပ်တွေကို ဖယ်ရှားပေးတဲ့ စနစ်ကို ကမောက်ကမဖြစ်စေပါတယ်။ အသည်းရောင်ရောဂါ စတဲ့ အသည်းနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်စေနိုင်ပါတယ်။
ကျောက်ကပ်
ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့စနစ်ကို ထိခိုက်နိုင်ပါတယ်။
ခြေထောက်တွေမှာ အားမရှိတော့သလို ခံစားရခြင်း၊ ညအိပ်မပျော်ခြင်း၊ ကိုယ်ခံအားစနစ် လျော့ကျလာခြင်း၊ ဆီးလမ်းကြောင်း ပြဿနာဖြစ်လာခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
နှလုံး
သွေးစီးဆင်းမှုတွေပိုများလာပြီး နှလုံးမှာလည်း အဆီလွှာတစ်ခု ဖုံးလာနိုင်ပါတယ်။
သွေးတိုးလာခြင်း၊ အသက်ရှူ မဝခြင်း၊ နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ခံစားနိုင်ပါတယ်။
သရက်ရွက်
သဘာ၀ ဖြစ်စဉ်တွေဖြစ်တဲ့ စားသုံးလိုက်တဲ့ အစားအစာတွေကနေ အဟာရတွေ ဖြိုခွဲပြီး ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ စနစ်တွေ ကမောက်ကမဖြစ်စေပါတယ်။ သရက်ရွက်ယောင်ခြင်းများဖြစ်နိုင်ပါတယ်။