ကလေးတစ်ယောက်ဟာ အိပ်နေစဉ်အတွင်း သူ့ရဲ့ဆီးအိမ်ကပြသတဲ့လက္ခဏာကို သိနိုင်မှာမဟုတ်ဘဲ မသိနားမလည်စွာ အပေါ့သွားလိုက်မိနိုင်လို့ အသက်ငါးနှစ်အရွယ်မတိုင်မှီအထိ အိပ်ရာထဲအပေါ့သွားတယ်ဆိုတာ ပုံမှန်ပါ။

ဒါကြောင့် ဘာမှသေချာသိနားမလည်သေးတဲ့ ကလေးငယ်တွေကို ဒီလိုပြဿနာတွေဖြစ်ပွားမှုမှ လျှော့ချရန်အတွက် လူကြီးတွေက ဘေးကနေပြီး သေချာဂရုတစိုက် ကူညီပေးရမှာဖြစ်လို့ အသုံးဝင်ပြီး သိထားသင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရေသောက်သုံးမှုကိုထိန်းပေးခြင်း

ကလေးတစ်ယောက်ကို နေ့အချိန်မှာ ရေဓာတ်ဖြည့်တင်းပေးပြီး ညနေပိုင်းအချိန်များတွင် အရည်သောက်သုံးမှုကို ဖြည်းဖြည်းချင်းလျော့ချပေးပါ။

ရေအိမ်သွားချိန်သတ်မှတ်ပါ။

ကလေးများအိပ်ရာမဝင်ခင် နှစ်နာရီတစ်ခါ အပေါ့သွားတတ်တဲ့ အကျင့်ကိုမွေးမြူပေးခြင်းက ကလေးတွေကိုအလိုအလျောက်ပုံသွင်းလိုက်ပြီး ဆီးအိမ်ကိုလည်းရှင်းလင်းသွားစေပါတယ်။

ဆုချီးမြှင့်ခြင်း

ကလေးတွေ ဆီးကိုအမြဲအာရုံရှိနေစေဖို့ သူတို့ကြိုက်တတ်တဲ့ ပစ္စည်းလေးတွေနဲ့ ဆုပေးလာဘ်ပေးလုပ်ပြီး သတိတရ အပေါ့သွားစေပါ။

ဆေးဖြစ်ဝါးဖြစ်အသုံးပြုပါ

နေ့အချိန်တွင် ကလေးများကို သစ်ကြံပိုးခေါက်တစ်ချောင်းဝါးခိုင်းခြင်း သို့မဟုတ် ဇီးဖြူသီးမှုန့်ကိုပျားရည်၊ ရေနွေးတို့နှင့်ရောစပ်သောက်ခိုင်းခြင်းတို့ကို ပြုလုပ်ပေးပါ။

အချဉ်ဓာတ်ရှိအရည်များနှင့် cocoa အမှုန့်

ထိုအရည်နှစ်မျိုးဟာ ကလေးတွေအပေါ့သွားချင်စိတ်ကို နှိုးဆော်ပေးနိုင်လို့ ညနေပိုင်း အထူးသဖြင့် အိပ်ခါနီးအချိန်တွေမှာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။

နှိပ်နယ်ပေးပါ။

ကလေးငယ်များကို အိပ်စက်ခါနီး ကလေးသုံးအဆီ၊ အုန်းဆီ၊ သံလွင်ဆီတို့ကို အသုံးပြုပြီး ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်နယ်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက ကလေးတွေကိုပေါ့ပါးစေပြီး ကြွက်သားများကို ဖြည်းဖြည်းမှန်မှန်ကြီးထွားစေမှာဖြစ်ပါတယ်။