ရင်ပူတာ အစာမကြေတာတွေကို သက်သာစေဖို့အတွက် ဆေးဝါးတွေထက် ပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးကင်းတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ငှက်ပျောသီးစားပါ။

ငှက်ပျောသီးဟာ အစာအိမ်အတွင်း အက်ဆစ်ဓါတ်များတာကိုသက်သာစေပြီး ရင်ပူတာကို သက်သာစေပါတယ်။

(၂) ဂျင်း

642x361-Does_Ginger_Tea_Have_Any_Bad_Side_Effects

ဂျင်းဟာ အစာအိမ်နာတာ ၊ ရင်ပူတာနဲ့ အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ ဂျင်း ၂ လက်မလောက်အရွယ်ကို ပါးပါးလှီးပြီး ရေ ၂ နွေးပူပူ ၂ ခွက်နဲ့ မိနစ် ၃၀ လောက်စိမ်ထားပါ။ ပြီးရင် ဂျင်းကိုဖယ်ပြီး ရေနွေးကိုသောက်ပေးပါ။ အစာမစားခင် မိနစ် ၂၀ အလိုမှာ သောက်ပေးရမှာဖြစ်ပါတယ်။

(၃) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ (Baking Soda) ဟာ အစာအိမ်အတွင်းက အက်ဆစ်တွေကို လျှော့နည်းသက်သာစေပါတယ်။ PH ပမာဏကို ထိန်းညှိပေးနိုင်ပြီး အစာအိမ်နာတာ ရင်ပူတာတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက် (သို့) လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက်ကို ရေ ၁ခွက်နဲ့ရောဖျော်ပြီး သောက်ပေးပါ။

Featured Image Source: Carolina Digestive