အခုလိုရာသီမျိုးမှာ နာနာတ်သီးချိုချိုလေးတွေ ပေါနေပြီမို့ နည်းလမ်းကောင်းလေးတစ်ခုပြောပါရစေနော်။ အဲ့ဒါက နာနာတ်သီး Detox ရည်ပါ။ Detox ရည်ဆိုတာ သဘာဝအသီးတွေနဲ့ပြုလုပ်ထားပြီး ခန္ဓ္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အရည်တစ်မျိုးပါ။

နာနာတ်သီးမှာပါဝင်တဲ့ Bromelain လို့ခေါ်တဲ့ အင်ဇိုင်းမ်ဓာတ်ဟာ အစာချေစနစ်ကိုကောင်းမွန်စေပြီး ဖောင်းရောင်ခြင်းတွေမှကာကွယ်ပေးပါတယ်။ အရေးကြီးတဲ့အချက်ကတော့ အဲ့ဒီ့အင်ဇိုင်းဓာတ်က ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပါတယ်။ နာနာတ်သီး ၁၀၀ဂရမ်မှာ ၄၀ကယ်လိုရီပဲပါဝင်တာမို့ ကိုယ်အလေးချိန်လျှော့ချတဲ့အခါမှာလည်းအထောက်အကူပြုပါတယ်။

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

နာနာတ်ဖျော်ရည်ကို (၃) ရက်ဆက်တိုက် သောက်ပေးရင် အူထဲမှာရှိတဲ့သန်ကောင်၊ တုပ်ကောင်တွေကိုဖယ်ရှားပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုလည်းလျှော့ချပေးပါတယ်။ သူ့မှာ အင်ဇိုင်းနဲ့ Antioxidants တွေပါဝင်လို့ ခန္ဓာကိုယ်အနှံ့က အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

နာနာတ်ရည်မှာပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ သတ္တုဓာတ်က အရိုးနဲ့ သွားတွေကိုခိုင်မာစေပါသေးတယ်။ မျက်လုံးအမြင်အာရုံကိုကောင်းစေတဲ့အပြင် ကင်ဆာဆဲလ်တစ်မျိုးကိုလည်းတားဆီးပေးနိုင်ပါသေးတယ်။ ဒီလိုကျန်းမာရေးကောင်းကျိုးများစွာပေးတဲ့ နာနာတ်သီး Detox ဖျော်ရည်လုပ်နည်းလေးကိုပြောပြပါဦးမယ်။

ပါဝင်ပစ္စည်းများ

ရေ တစ်လီတာ

နာနာတ်သီး တစ်လုံး

ပူစီနံ ၆ရွက်

ပြုလုပ်နည်း

နာနာတ်သီးကို အခွံနွှာ၊ အတုံးသေးသေးလေးတွေ ပိုင်းပြီး ဖန်ပုလင်းတစ်ခုမှာထည့်လိုက်ပါ။ ပြီးရင်ရေထည့်ပါ။ ပြီးရင် ပူစီနံထည့်လိုက်ပါ။ ပုလင်းအဖုံးကိုသေချာလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပြီး သောက်လို့ရပါပြီ။

*နေ့စဉ်မနက်စာ မစားမီသောက်သုံးပေးပါ။