လူတစ်ဦးနဲ့တစ်ဦးပွေ့ဖက်ခြင်းဆိုတာ ပျော်ရွှင်မှု နွေးထွေးမှု ချစ်ခြင်းမေတ္တာ တို့ကိုဖော်ကျူးပြသတဲ့ ကောင်းမွန်တဲ့ အပြူအမူတစ်ခုဖြစ်ပါတယ်။ ပွေ့ဖက်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ကောင်းကျိုးတွေလည်းများစွာရှိနေပါတယ်။ ဒါကြောင့်ကိုယ်ချစ်ရတဲ့သူ မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့ နေ့စဉ်ပွေ့ဖက်ခြင်းဖြင့် ရရှိလာမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးချင်ပါတယ်။

(၁) ကိုယ်ခံအားကောင်းစေတယ်

Source : Pinterest

လေ့လာတွေရှိချက်တွေအရ လူတစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ အကောင်းဆုံးကုသမှုတစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်းပိုမိုကောင်းမွန်စေပြီး ဖျားနာခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့ နေ့စဉ် အနည်းဆုံး လေးကြိမ်ခန့်ပွေ့ဖက်ပေးသင့်ပါတယ်။

(၂) စိတ်ခံစားချက်ကောင်းစေတယ်

Source : PinkNews

ပွေ့ဖက်ခြင်းဟာ အာရုံကြောစနစ်ကိုပိုမို ကောင်းမွန်စေဖို့ လှုံဆော်ပေးပြီး စိတ်ကိုလန်းဆန်းတက်ကြွစေပါတယ်။အတွေးလွန်ခြင်း ကြောက်စိတ်ဝင်ခြင်း အထီးကျန်ခြင်းစတဲ့ စိတ်ခံစားချက်တွေကိုအကောင်းဆုံးတွန်းလှန်ပေးပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိ စေကာ ကောင်းမွန်တဲ့ စိတ်ခံစားချက်ကို ရရှိစေမှာဖြစ်ပါတယ်။

(၃) နှလုံးကျန်းမာရေးကောင်းစေတယ်

Source : The Healthy

လူတစ်ယောက်အတွက် နှလုံးကျန်းမာရေးကအင်မတန်မှ အရေးကြီးလှပါတယ်။ ကိုယ့်ရဲ့နှလုံးကျန်းမာရေးကို ကောင်းမွန်စေချင်တယ်ဆိုရင်တော့ နေ့စဉ်ပွေ့ဖက်ပေးသင့်ပါတယ်။ ပွေ့ဖက်ခြင်းဟာ သွေးဖိအားကိုလျော့ကျစေပြီး နှလုံးခုန်နှုန်းကိုတည်ငြိမ်စေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေမှာဖြစ်ပါတယ်။

(၄) ပျော်ရွှင်မှုကိုခံစားစေတယ်

Source : Well+Good

လူတစ်ယောက်နဲ့ တစ်ယောက်အသားချင်းထိတွေ့တဲ့အခါ Oxytocin ဟော်မုန်းတွေကိုအများဆုံးထုတ်လွတ်ပေးပါတယ်။ Oxytocin ဟော်မုန်းကို တစ်ခါတစ်လေ ပွေ့ဖက်ခြင်းဟော်မုန်း လို့လည်းတင်စားခေါ်ကြပါတယ်။ Oxytocin ဟော်မုန်းဟာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့အပြင် စိတ်ကျခြင်း စိတ်မပျော်မရွှင်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်

Source : https://brightside.me/inspiration-health/7-health-benefits-regular-hugs-can-bring-you-794694/?utm_source=brightside_android_app&utm_medium=article&utm_campaign=facebook_share&utm_content=794694&fbclid=IwAR0OD_ACC2alfrJeoaMJ4rNH5rlk8BUeOg75Gw8CpNhglFIZxVjeX4Tb-Fc