ကျောက်ဖရုံသီးမှာ ဗီတာမင် B1,B3, C ပါဝင်ပြီး သတ္တုဓါတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်စ်၊ သံဓါတ်၊ ဖော့စ်ဖောရပ်စ်၊ မဂ္ဂနစ်၊ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ ဆယ်လီနီယမ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ပါဝင်မှုမြင့်မားလို့ သွေးဖိအားကို ထိန်းထားပေးနိုင်ပါတယ်။ ရေဓါတ် ၉၆% ပါဝင်တဲ့အသီးဖြစ်ပါတယ်။

winter-melon

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗီတာမင် C ပါဝင်လို့ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး အအေးမိဖျားနာခြင်းတွေ ဗိုင်းရပ်စ်ပိုး အလွယ်တကူကူးစက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

လေဖြတ်နိုင်ချေကို လျှော့ချပေးခြင်း

Winter-Melon-Pictures

ဗီတာမင် C ပမာဏများများစားသုံးတဲ့သူတွေဟာ လေဖြတ်နိုင်ချေကို ၄၂% ထိလျှော့ချပေးပါတယ်။ ကျောက်ဖရုံသီးမှာ ဗီတာမင် C ၁၉.၁၁% ပါဝင်ပြီး လေဖြတ်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း

ဗီတာမင် B2 ပါဝင်လို့ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေပါတယ်။ ခေါင်းတခြမ်းတည်းမကြာခဏကိုက်တာဟာ ဗီတာမင် B2 စားသုံးမှုနည်းပါးလို့ဖြစ်ပြီး ကျောက်ဖရုံသီးမှာ ဗီတာမင် B2 ပါဝင်လို့ ခေါင်းကိုက်ဝေဒနာဖြစ်ပွားခြင်းကနေကာကွယ်ပေးပါတယ်။

မျက်လုံးကျန်းမာရေး

eye

ဗီတာမင် B2 ဟာ မျက်လုံးကို ကျန်းမာအားကောင်းစေပါတယ်။ မျက်လုံးေ၀ဝါးတာ အမြင်အာရုံေ၀ဝါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ပြည့်ဝစေခြင်း

အာရုံကြော ဦးနှောက် အစာချေစနစ် ဟော်မုန်း လုပ်ဆောင်မှုတွေအတွက် လိုအပ်တဲ့ ဗီတာမင် B ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း စွမ်းအင်ပြည့်ဝစေပါတယ်။

အစာချေစနစ်

happy-digestive-system

အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ အစာချေလမ်းကြောင်းကို သန့်စင်ပေးနိုင်လို့ အူမကြီးကင်ဆာ ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး

အမျှင်ဓါတ်တွေဟာ ကိုလက်စထရောနဲ့ အဆီစုပ်ယူမှုကို လျှော့ကျစေလို့ ခန္တာကိုယ်အတွင်းက ကိုလက်စထရောတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း နှလုံးကို ကျန်းမာစေပါတယ်။