နနွင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။ ရိုးရာဆေးတစ်လက်အနေနဲ့ နနွင်းကို ဘယ်လိုအသုံးပြုသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
သွေးဖိအားကျစေတဲ့နနွင်း
နနွင်းဟာ သွေးဖိအားကျစေဖို့အတွက် ရိုးရာဆေးတစ်လက်အနေနဲ့ အသုံးပြုလို့ရပါတယ်။
ပျားရည်နည်းနည်း၊ နနွင်းနည်းနည်းနဲ့ ရေကို ရောပြီး သည်လိုက်ပါ။ ဆူအောင်သည်ပြီးရင် နည်းနည်းအေးအောင်ထားပြီး သောက်ပေးပါ။ တစ်နေ့ ၃ ကြိမ်သောက်ပါ။
တစ်ခါသောက်ရင် စားပွဲတင်ဇွန်း ၁ ဇွန်းစာသောက်ပါ။
အဖျားကျစေဖို့အတွက်
နနွင်းမှုန့် ၂၀ ဂရမ်၊ ရေနွေး ၁၀၀ မီလီလီတာ၊ ကုံကုမံအနည်းငယ်။
အရင်ဆုံး ရေနွေးထဲကို ကုံကုမံထည့်လိုက်ပါ။ ပြီးရင်သေချာမွှေပေးပြီး နနွင်းမှုန့်ထည့်ပါ။ ပြီးရင် အဝတ်စအသန့်တစ်ခုထဲထည့်ပြီး ရေထွက်အောင်ညှစ်ပေးပါ။
ပြီးရင် အဲဒီအရည်ကို ပူပူသောက်ပေးပါ။
အနံ့ဆိုးတာတွေ သက်သာဖို့
ခန္ဓာကိုယ်အနံ့အသက်ဆိုးတာတွေ သက်သာဖို့အတွက် နနွင်းကိုအသုံးပြုလို့ရပါတယ်။
နနွင်းမှုန့် အနည်းငယ်၊ ရေဆူဆူ ၂/၃ ခွက်၊ သကြားအနည်းငယ်။
ရေနွေး ခွက် ၃ပုံ၂ပုံထဲကို နနွင်းမှုန့်ထည့်ပါ။ ပြီးရင် သကြားထည့်ပါ။ အဲဒီနောက် ရေကို သေချာမွှေပြီးသောက်ပေးပါ။ အိပ်ယာမဝင်ခင်သောက်ပေးရမှာဖြစ်ပါတယ်။
သွေးအားနည်းခြင်း
သွေးအားနည်းတာတွေအတွက်နဲ့ အမျိုးသမီး ရာသီစက်ဝန်းမှာ နာကျင်တာတွေသက်သာစေဖို့အတွက် နနွင်းကို အသုံးပြုလို့ရပါတယ်။
နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနဲ့ ရောပြီးသောက်လိုက်ပါ။ ဗိုက်အောင့်တာသက်သာပြီး နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။