ဒူးရင်းသြဇာသီးကို သိကြမှာပါနော်။ ဒူးရင်သြဇာသီးဟာ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အသီးအဖြစ် လူသိများကြပါတယ်။ ဒူးရင်းသြဇာမှာ ပါဝင်တဲ့ သံဓါတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် B1, ဗီတာမင် 82 , ဗီတာမင် C စတဲ့ဓါတ်တွေအပြင် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။

ကင်ဆာကာကွယ်ပေးတဲ့ ဒူးရင်းသြဇာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

မရင့်မှည့်ခင်မှာ ခူးပေးရတဲ့အသီးပါ။ မှည့်သွားရင် သူ့အလိုလို ပြုတ်ကျတတ်ပြီး အညိုအမဲစွဲတတ်ပါတယ်။ ဒူးရင်းသြဇာရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

၁။ ကင်ဆာကာကွယ်ပေးနိုင်ခြင်း

လေ့လာတွေ့ရှိမှုအရ Annonaceous Acetogenin လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဒူးရင်းသြဇာရဲ့ အရွက်၊ အစေ့နဲ့ ရိုးတံတွေမှာတွေ့ရပါတယ်။ အာဖရိကနဲ့ တောင်အာဖရိကနိုင်ငံတွေမှာတော့ အဲဒီအရွက် အစေ့ အမြစ်နဲ့ အသီးကို ဗိုင်းရပ်ပိုးကူးစက်ခြင်း စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းနာကျင်မှု ဖျားနာခြင်းတို့ကို ကုသဖို့အသုံးပြုကြပါတယ်။ ဓာတ်ခွဲခန်း လေ့လာတွေ့ရှိမှုအရ ဒူးရင့်သြဇာဟာ ရင်သားကင်ဆာ နဲ့ အသဲကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် လူနဲ့တော့ လက်တွေ့ စမ်းသတ်တာမျိုး လုပ်တာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

၂။ ဆီးလမ်းကြောင်းကောင်းမွန်စေခြင်း။

AAEAAQAAAAAAAAXLAAAAJGY1ZmY5YTM2LThhNTItNDFlMy04NTg4LWE4ZDRhNGNmYTNjZQ

ဒူးရင်းသြဇာသီးက ဆီးကျင်တာကိုသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၃။ အရိုးကျန်းမာရေး။

ဖော့စဖော့ရပ်စ်နဲ့ ကယ်လ်ဆီယမ်ပါဝင်လို့ အရိုးကို သန်မာစေပါတယ်။

၄။ အားအင်တိုးမြင့်စေခြင်း။

ဒူးရင်းသြဇာကို ပုံမှန်စားပေးရင် အားရှိစေပါတယ်။

၅။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း။

ဗီတာမင် B 2 ပါဝင်လို့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

၆။ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း။

Benefits-Of-Soursop-For-Skin-Hair-And-Health

သံဓာတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၇။ သေန္ဓသား

ကိုယ်ဝန်ဆောင်မိခင်တွေ စားပေးမယ်ဆိုရင် သန္ဓေခိုင်စေပါတယ်။

ဘေးထွက်ဆိုးကျိုးတစ်ချို့

ကျန်းမာရေးအတွက်ကောင်းမွန်ပေမယ့် ဘေးထွက်ဆိုးကျိုးတစ်ချို့ရှိလို့ အလွန်အကျွံစားပေးခြင်းကိုရှောင်ပါ။ အလွန်အကျွံစားရင် သွေးဖိအားကျတာမျိုး ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုမမှန်တာ၊ ပါကင်ဆန်ရောဂါ မျိုးဖြစ်စေနိုင်ပါတယ်။ အလွန်အကျွံမစားဘဲ သင့်တင့်မျှတစွာစားပေးပါ။