တနေ့တာ၏ပင်ပန်းဆင်းရဲခဲ့သမျှကို ဝိုင်တစ်ခွက်သောက်သုံးလိုက်ခြင်းက စိတ်ဖိစီးမှုကို ဖျေဖျောက်နိုင်မည့် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ထို့အပြင် သင့်တော်သည့်ပမာဏအတိုင်း ဝိုင်နီကို မှန်မှန်သောက်သုံးပေးပါက ကျန်းမာကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်ရရှိနိုင်ပါသည်။

ထို့ကြောင့် ဝိုင်နီသောက်သုံးပေးခြင်းဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးနှင့်အလှအပဆိုင်ရာ အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကိုလက်စထရောပမာဏကိုတိုးတက်စေ၍ နှလုံးကိုကာကွယ်ပေးခြင်း

ဝိုင်နီတစ်ခွက်ကို နေ့စဉ်မှန်မှန်သောက်သုံးပေးခြင်းဖြင့် ဝိုင်နီတွင်ပါဝင်သည့် antioxidant များက သွေးလွှတ်ကြောနံရံများကို ကာကွယ်ပေးသည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို အတိုးအလျှော့လုပ်ပေးနိုင်၍ နှလုံးသွေးကြောကျဉ်းရောဂါများဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၂။ သွေးပေါင်ချိန်တက်ခြင်းကိုလျော့ကျစေခြင်း

သွေးပေါင်ချိန်တက်ခြင်းကို ရှောင်ရှားရန်အတွက် အရက်ပါဝင်မှုမရှိသည့် ဝိုင်နီကိုသောက်သုံးမိရန် အရေးကြီးပါတယ်။

၃။ ကင်ဆာဖြစ်ပေါ်မှုကိုနည်းပါးစေခြင်း

ကင်ဆာဖြစ်ပေါ်မှုကို လျော့နည်းစေသည့် Antioxidant များ ဝိုင်နီတွင် အများအပြားပါဝင်သည့်အတွက် ဝိုင်နီကိုသင့်တင့်မျှတစွာ သောက်သုံးပေးပါက ကင်ဆာဆဲလ်ကြီးထွားမှုကို နှေးကွေးစေပါတယ်။ ရင်သား၊ အူမကြီး နှင့် အခြားကင်ဆာရောဂါများဖြစ်ပွားခြင်းအပေါ် အလွန်ထိရောက်မှုရှိပါတယ်။

၄။ ဆီးချိုကိုထိန်းချုပ်ပေးခြင်း

ဝိုင်နီတွင်ပါဝင်သည့် သဘာဝဓာတ်များက ဆီးချိုသမားများအတွက် အထူးအထောက်အကူဖြစ်စေပါတယ်။ ဂလူးကို့စ်လည်ပတ်မှုကို ကူညီပေးသည့် ပရိုတင်းဓာတ်ဖြစ်ပေါ်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။

၅။ စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်ခြင်း

အိပ်ပျော်မှုကိုဖြစ်ပေါ်စေသည့် Melatonin ကြွယ်ဝစွာပါဝင်သောကြောင့် သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေမှာဖြစ်သည့်အတွက် စိတ်ဓာတ်ကျဆင်းခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၆။ အသားအရေကျန်းမာရေးကိုတိုးတက်စေခြင်း

ဝိုင်နီရှိ Antioxidants များက အသားအရေအတွက် အထူးကောင်းမွန်သဖြင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်လာခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

၇။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များမှ ပေါင်းသတ်ဆေးများကို ဖယ်ရှားပေးခြင်း

ဝိုင်နီတွင်ပါဝင်သည့် အက်စစ်ဓာတ်သည် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ရောကပ်ပါလာသည့် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။