ကြက်မောက်သီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါပဲ။

c39f4e0a3fb25b0c0039f761d9c661b0

လေ့လာတွေ့ရှိမှုအရ ကြက်မောက်သီးမှာ သံဓါတ် ပိုတက်ဆီယမ် နဲ့ ဗီတာမင် C ဓါတ်တွေပါဝင်ပါတယ်။ အမျှင်ဓတ်ပါဝင်မှုလည်း အနည်းငယ်မြင့်မားပါတယ်။ ဒါ့ကြောင့် ကြက်မောက်စေ့က ကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကြက်မောက်သီးကို စားရင် အစေ့ကို မစားတတ်ကြပေမဲ့ ကြက်မောက်စေ့ဟာ အဆိပ်အတောက်မဖြစ်စေပါဘူး။

ကာဗွန်ဟိုက်ဒရိတ်၊ ပရိုတင်းဓါတ်တွေပါဝင်လို့ ခန္တာကိုယ်အတွက် အဟာရဓါတ်တောင် ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် အဆီဓါတ်လည်း ပါဝင်ပါတယ်။

Rambutan

ကြက်မောက်စေ့မှာ Hypoglycemic ဆိုတဲ့ သွေးတွင်း သကြားဓါတ်ကို လျှော့ချပေးတဲ့ ဓါတ်တစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။

ဆီးချိုအတွက် ကြက်မောက်စေ့ကို ဘယ်လိုသုံးမလဲ

rambutan-4

ကြက်မောင်သီးအမှည့် ၄လုံး ၅ လုံးကို ယူပြီး စေ့ထုတ်လိုက်ပါ။ ပြီးရင် ရေဆေးပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် အစေ့ကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်ပါ။ ပြီးရင်ရေထည့်ပြီး တစ်နေ့ တစ်ခါသောက်ပါ။

နောက်တစ်နည်းကတော့

rambutan-seed-1024x1006

ကြိတ်ထားတဲ့ ကြက်မောက်စေ့မှုန့်ကို ရေနွေးနဲ့ ဖျော်လိုက်ပြီး အေးအောင်ထားပါ။ ပြီးရင် အပေါ်ကရေအကြည်ကိုပဲသောက်ပြီး ကျန်တဲ့ အနည်တွေကို သွန်ပစ်လိုက်ပါ။ တစ်နေ့ကို ၁ ကြိမ်ကနေ ၃ ကြိမ် အထိ ကိုယ့်ရဲ့ ဆီးချို ပမာဏပေါ် မူတည်ပြီး သောက်လို့ရပါတယ်။

အစာအိမ်နာတာအတွက်လည်း ကောင်းမွန်ပါတယ်။