ရွှေဖရုံသီးတွေဟာ စိုစွတ်ပြီး ပူပြင်းတဲ့ ရာသီဥတုရှိနေတဲ့နေရာတွေမှာ ပေါက်ရောက်ကြပါတယ်။ သူက ဖရဲသီး၊ သခွားသီးတို့ပါဝင်တဲ့ Cucurbit အမျိုးထဲမှာ ပါဝင်ပါတယ်။ ရွှေဖရုံသီး မှာ ဖို ပန်းပွင့်နဲ့ မပန်းပွင့်တို့ရှိပြီး မပန်းပွင့်ကနေတစ်ဆင့် အသီးသီးပါတယ်။ ရွှေဖရုံသီး အပွင့်ရဲ့ အရောင်က အဝါရောင်လိုလို လိမ္မော်ရောင်လိုလို ရှိပါတယ်။

ရွှေဖရုံသီး ပန်းပွင့်မှာ အဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။

really-catch-cold

အအေးမိတာကို ကုသပေး

ရွှေဖရုံသီး ပန်းပွင့်မှာပါဝင်တဲ့ ဗီတာမင်စီက ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အအေးမိ၊ ချောင်းဆိုးခြင်းမှ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်က သတ္တုဓာတ်ကို ပိုစုပ်ယူနိုင်အောင် ကူညီပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဗားရက်စ်တွေကနေလည်း ကာကွယ်ပေးပါတယ်။

benefits-of-basil-improve-eye-health

မျက်စိအမြင်အားကောင်းစေ

ရွှေဖရုံသီး ပန်းပွင့်မှာပါတဲ့ ဗီတာမင်အေက မျက်စိအမြင်အားကောင်းစေပါတယ်။ မျက်သားတွေကို မခြောက်နေဘဲ စိုစွတ်အောင်ပြုလုပ်ပေးကာ အလင်းအမှောင်ပြောင်းလဲအပေါ်မူတည်ပြီး မျက်လုံး အမြင်ကိုလည်း အလျင်အမြန်ထိန်းညှိနိုင်အောင်ကူညီပေးပါတယ်။ အလင်းရောအမှောင်ရောပါ ကောင်းမွန်စွာမြင်နိုင်အောင် ကူညီပေးနိုင်တာကြောင့် ညဘက်မှာလည်း ကောင်းမွန်စွာမြင်နိုင်ပါတယ်။

boneup

အရိုးနဲ့သွားကို သန်မာစေ

ရွှေဖရုံသီးပန်းပွင့်မှာ အရိုးနဲ့သွားတွေကို သန်မာစေတဲ့ Phosphorus တွေပါဝင်ပါတယ်။ အရိုးပွခြင်း၊ အရိုးကျိုးနေသူများလည်း ရွှေဖရုံသီး ပန်းပွင့်ကို စားသုံးခြင်းဖြင့် အရိုးဆက်မြန်ခြင်း၊ အရိုးပွနှုန်းသက်သာလာတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပြင် Phosphorus ဓာတ်က နှလုံးကိုလည်း အားကောင်းစေတာကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

mf3

အမျိုးသားတွေအတွက် မျိုးဆက်ပွားကျန်းမာရေးကို အထောက်အကူပြု

ရွှေဖရုံသီးပန်းပွင့်မှာ ဗီတာမင် B9 (folated) ပါဝင်တာကြောင့် သုတ်ကောင် ထွက်နှုန်းများခြင်းနဲ့ မျိုးဆက်ပွား ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အရည်အသွေးရှိတဲ့ သုတ်ကောင်တွေ များများ ထွက်အောင်ကူညီပေးနိုင်တာကြောင့် ကလေးလိုချင်တဲ့ အမျိုးသားတွေ အဓိက စားသုံးသင့်ပါတယ်။

squash-blossoms-edible-flowers-flowers-species

ဘယ်လိုချက်စားကြသလဲ

ရွှေဖရုံသီး ပန်းပွင့်တွေကို အစိမ်းဘဲဖြစ်ဖြစ်၊ အသုတ်အနေနဲ့ဘဲ ဖြစ်ဖြစ် တခြား ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီးလည်း ချက်စားနိုင်ပါတယ်။

ရွှေဖရုံသီးပန်းပွင့်ကို အာလူးနဲ့ ရောပြီး ဟင်းရည်ချက်ရင်လည်း စားလို့ကောင်းပါတယ်။