ကျန်းမာရေး အာနိသင်တွေများလွန်းလို့ တင်စားပြီးပြောတာပါနော်။ မျောက်ငိုသီးက ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာပါဝင်တဲ့အသီးပါ။ ဗီတာမင် A ၊ သံဓါတ်၊ ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။

မျက်လုံးကျန်းမာရေး

မျောက်ငိုသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ဓါတ်လည်းကြွယ်ဝစွာပါဝင်လို့ အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

လေဖြတ်မှုကို ကာကွယ်ပေးခြင်း

New England Journal of Medicine ရဲ့ သုတေသနပြုချက်အရ မျောက်ငိုသီးကိုစားပေးတာဟာ လေဖြတ်ရောဂါကြောင့် သေဆုံးမှုကို ၄၀%ထိလျှော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

သွေးတိုးကျစေခြင်း

သွေးတိုးရှိသူတွေအတွက် မျောက်ငိုသီးကိုစားပေးမယ်ဆိုရင် သွေးတိုးကျစေပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ

ကိုယ်ဝန်ဆောင်မိခင်တွေ မျောက်ငိုသီးစားပေးမယ်ဆိုရင် အော့အန်ခြင်းကိုကာကွယ်ပေးပါတယ်။

အစာချေစနစ်ကောင်းမွန်စေခြင်း

petaisambal

မျောက်ငိုသီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

အရက်နာကျခြင်း

ညဖက်အရက်သောက်တာများသွားလို့ မနက်ပိုင်းမှာ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ အရက်နာကျတာမျိုးကို ပျားရည် နွားနို့နဲ့ ရောပြီး သောက်ပေးပါ။

ခြင်ကိုက်ခံရခြင်း

ခြင်ကိုက်တဲ့နေရာမှာ မျောက်ငိုသီးကို လိမ်းပေးမယ်ဆိုရင် ခြင်ကိုက်လို့ အရေပြားယားယံတာကို ပျောက်ကင်းစေပြီး အရေပြားရောင်တာကိုလည်း သက်သာစေပါတယ်။

ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးမယ်

getty_rm_photo_of_cigarette_smoke

ဗီတာမင် B6,B12 ပါဝင်ပြီး ဆေးလိပ်ဖြတ်တဲ့သူတွေအတွက် စားပေးသင့်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်လို့လည်း နီကိုတင်ပျက်စေပါတယ်။

တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အာရုံကြောစနစ်ကိုကောင်းမွန်စေတယ်။ ရင်ပူတာကိုသက်သာစေတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေတယ်။ သွေးအားနည်းရောဂါကို ကာကွယ်ပေးမယ်။ စိတ်ကျရောဂါကိုကာကွယ်ပေးတယ်။ ကိုယ်အလေးချိန်ကျစေတယ်။ စိတ်ဖိစီးမှု လျော့နည်းစေတယ်။ မျောက်ငိုသီးကို နည်းနည်းယူပြီး လိမ်းမယ်ဆိုရင် ကြွက်နို့ကိုပျောက်စေပါတယ်။