ပိန္န္န္နဲသီးကိုစားလို့ရသလို ပိန္န္န္နဲစေ့ကိုလည်းစားလို့ရတယ်ဆိုတာ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။
ဘာမှမလိုဘူး ပိန္န္န္နဲစေ့ကို ရေနဲ့နူးနေအောင်ပြုပ်ပြီးစားရင်တောင် အရမ်းအရသာရှိပါတယ်။ ပိန္န္န္နဲစေ့မှာ ပရိုတင်းဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် A, C, B အမျှင်ဓါတ်တွ ကာဘွန်ဟိုက်ဒရိတ်ဓါတ်တွေပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး ကယ်လ်ဆီယမ်နဲ့ သွပ်ဓါတ်လည်းပါဝင်လို့ အရိုးကို သန်မာစေပါတယ်။
ကျန်းမာရေးအကျိုးကျေးဇူး
ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်တယ်
ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ပိန္န္န္နဲစေ့ကို သင်စားသုံးနိုင်ပါတယ်။
ကင်ဆာတိုက်ဖျက်နိုင်တဲ့ အဟာရဓါတ်တွေ
ကင်ဆာတိုက်ဖက်နိုငတဲ့ အဟာရဓါတ်တွေအများအပြားပါဝင်ပါတယ်။
အစာချစနစ်ကောင်းမွန်စေခြင်း
ပိန္န္န္နဲစေ့ဟာ အစာမကြေတာကို သက်သာပျောက်ကင်းစေပါတယ်။ အမျှင်ဓါတ်တွေပါဝင်လို့လည်း ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
အသားအရေနဲ့ မျက်လုံးကိုကာကွယ်ပေးတယ်
ပိန္န္န္နဲစေ့ဟာ အသားအရေနဲ့ မျက်လုံးကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ ဗီတာမင် A ပါဝင်လို့လည်း အမြင်အာရုံကိုကြည်လင်စေပါတယ်။
အရိုးကျန်းမာရေး
ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာစေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေနဲ့ နို့တိုက်မိခင်တွေ
ကိုယ်ဝန်ဆောင်မိခင်းတွေအတွက်လည်း ဗီတာမင် B 3 ပါဝင်လို့လည်း ဟော်မုန်းဓါတ်ကိုထိန်းချုပ်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း ထိန်းချုပ်ကာကွယ်ပေးနိုင်ပါတယ်။
သွေးဖိအားကျစေခြင်း
ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး သွေးဖိအားတက်နေသူအတွက် သွေးဖိအားကျစေပါတယ်။
သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း
ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်ပြီး သွေးအားနည်းရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။